• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်က အီဂျစ် အရွေးခံ သမ္မတ စီစီထံ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00) 2018-04-03 13:46:54

ဧပြီလ ၂ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အီဂျစ်သမ္မတ စီစီထံ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ရာတွင် စီစီသည် အီဂျစ်သမ္မတအဖြစ် နောက်ထပ် အရွေးခံရခြင်းအပေါ် ဂုဏ်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းဂုဏ်ပြုကြောင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် အီဂျစ် အစဉ်အလာ ချစ်ကြည်ရေး ကြာရှည်ပြီး ပိုပြီးရှင်သန်လာနေကြောင်း၊ ယခုနှစ်များတွင် မိမိနှင့် အဆွေတော်တို့သည် နွေးထွေးသော ကူးလူးဆက်ဆံမှုထားရှိပြီး နှစ်နိုင်ငံ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု အဆက်မပြတ်နက်ရှိုင်းလာ၍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ဆက်တိုက်တွန်းအားပေးကာ ယဉ်ကျေးမှုဆိုင်ရာကူးလူးဖလှယ်မှုပိုမိုများပြားလာခြင်းအပေါ် မိမိ နှစ်သက်မိကြောင်း၊ တရုတ်နိုင်ငံ သည် အီဂျစ်နိုင်ငံနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန် မြင့်မားစွာ အလေးထားပြီး တရုတ်-အီဂျစ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး အဆင့်တိုးမြင့်ဖို့ တွန်းအားပေးရန်အတွက် အီဂျစ်နှင့် လက်တွဲ ကြိုးပမ်း ဆောင်ရွက်လို ကြောင်း၊ ပြောကြားပါသည်။

   Webradio