• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အသင့်အတင့် ချမ်းသာ ချောင်လည်သော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံ ထူထောင်ရေး အောင်ပွဲရအောင် ဆောင်ရွက်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-04-03 08:42:55

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗဟို ဘဏ္ဍာရေးနှင့် စီးပွါးရေး ကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂ ရက်နေ့ ညနေပိုင်းက ဗဟို ဘဏ္ဍရေးနှင့် စီးပွါးရေး ကော်မတီ ပထမ အကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ငွေကြေးဆိုင်ရာ အန္တရာယ်များကို ကြိတင်ကာကွယ်ရေးနှင့် ဖြေရှင်းရေးသည် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးရေး အကောင်အထည်ဖေါ်စဉ်၌ ကျော်လွှားရမည့် သော့ချက်ကျ ကိစ္စရပ် ဖြစ်ကြောင်း၊ ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းတွင် အဆင့်ကာလအရ တိုးတက်မှု ရရှိပြီ ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ပြဿနာသည်လည်း အသင့်အတင့် ချမ်းသာ ချောင်လည်သော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံ ထူထောင်ရေး လုပ်ငန်း၏ သော့ချက်ကျရာ ကိစ္စ ဖြစ်ပြီး အောင်ပွဲရအောင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio