• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ်သည် တောင်ပင်လယ် ငါးမဖမ်းရ သတ်မှတ်ချက်ကို အကြိမ်ကြိမ် ကန့်ကွက်

(GMT+08:00) 2018-03-30 12:40:25

ဗီယက်နမ် ငါးဖမ်းလုပ်ငန်း အသင်းက မကြာခင်က ကြေညာချက် ထုတ်ပြန်ရာ တရုတ် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အချိန်ပိုင်း ကန့်သတ်ချက် တစ်ခုနှင့် ပင်လယ် ရပ်ဝန်းဒေသ တစ်ခု အတွင်း ငါးမဖမ်းရ သတ်မှတ်ချက်ကို ကန့်ကွက်ကြောင်း ဖော်ပြသည် ဟု ၂၇ရက်နေ့က ဗီယက်နမ် လူငယ် သတင်းစာမှ သတင်းကို ကိုးကား၍ တရုတ် သတင်းဌာနက ရေးသား ဖော်ပြသည်။

ထို့အပြင်၊ ၄င်းအသင်းက ယင်းပြဿနာနှင့် ပတ်သက်၍ ဗီယက်နမ် လယ်ယာစိုက်ပျိုး ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်ရုံးထံသို့ စာပေးပို့ရာ ၄င်းအစိုးရ လုပ်ငန်းဌာနများအား ဗီယက်နမ် တံငါသည်များ၏ အခွင့်အရေးကို ထိန်းသိမ်းကာကွယ် ပေးရန် တောင်းဆိုကြောင်း ဖော်ပြသည်။

တရုတ်ပြည် ကွမ်ရှီး လူမှုရေး သိပ္ပံပညာ အကယ်ဒမီ အရှေ့တောင်အာရှ ရေးရာ သုတေသန ဌာန ဌာနမှူး ကူရှောင်စုန်းက မကြာခင်က သတင်းထောက်နှင့် တွေ့ဆုံရာတွင် အချိန်ပိုင်း ကန့်သတ်ချက် တစ်ခုနှင့် ပင်လယ်ရပ်ဝန်းဒေသ တစ်ခု အတွင်း ငါးမဖမ်းရ သတ်မှတ်ချက်သည် တောင်ပင်လယ်၏ ရေထွက်ပစ္စည်း အရင်းအမြစ်များကို ထိန်းသိမ်းကာကွယ်ပြီး သဘာဝ ပတ်ဝန်းကျင် အပေါ် တံငါသည်များ၏ ထိန်းသိမ်းကာကွယ်ရေး အသိအမြင်ကို တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း၊ ဗီယက်နမ်မှ ကန့်ကွက်မှုသည် ယုတ္တိမဲ့ ဖြစ်ကြောင်း ပြောကြားသည်။

   Webradio