• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဦးဝင်းမြင့်သည် မြန်မာ သမ္မတ အဖြစ် အရွေးခံရ

(GMT+08:00) 2018-03-29 12:05:19

မြန်မာ ပြည်ထောင်စု လွှတ်တော်သည် ယခုလ ၂၈ရက်နေ့က သမ္မတ ရွေးကောက်ပွဲကို ကျင်းပခဲ့ကြောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်သည် ဆန္ဒမဲ အများစုဖြင့် မြန်မာ နိုင်ငံ သမ္မတသစ် အဖြစ် အရွေးခံခဲ့ရကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဦးဝင်းမြင့်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဓိက တာဝန် ထမ်းဆောင်သော ပုဂ္ဂိုလ်များ ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရည်ကိုင်ရည်ကောင်းသည့် လက်ထောက်လက်ရုံးများ ဖြစ်ကြသည်။ သမ္မတ အာဏာ လွှဲပြောင်းပေးခြင်းသည် မြန်မာ နိုင်ငံရေး အခြေအနေ အပေါ် ဂယက်ရိုက်ခတ်မှု သိပ်မများကြောင်း၊ မြန်မာ ပြည်တွင်းရေးနှင့် နိုင်ငံခြားရေးတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ဦးဝင်းမြင့်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း အများက ယူဆကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အာဏာ ကျင့်သုံးခဲ့သည့် နောက်ပိုင်းတွင် ငြိမ်းချမ်းရေး ဖြစ်စဉ် တွန်းအားပေးခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး စသည့် နယ်ပယ်များတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ထို့အပြင်၊ ရခိုင်ပြည်နယ် ပြဿနာကြောင့် ပြစ်တင် ကဲ့ရဲ့ခြင်းနှင့် သံတမန်ရေး ဆိုင်ရာ ဖိအားပေးမှုများကို ခံရသည်။ လက်ရှိ အခြေအနေမျိုး တွင် ဦးဝင်းမြင့်၏ သမ္မတ တာဝန် ထမ်းဆောင်ခြင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြန်မာ အစိုးရမှ ရေရှည်လေးနက်သော စဉ်းစားကြံဆခြင်းကို ပြဆိုနေကြောင်း မြန်မာ ဝါရင့် မီဒီယာ သမား တစ်ဦးက ယူဆသည်။

ဦးဝင်းမြင့်သည် သစ္စာရှိသူနှင့် လက်တွေ့ကျကျ ဆောင်ရွက်သူ တစ်ဦး ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ် တလျှောက်လုံး သစ္စာစောင့်သိကြောင်း၊ မြန်မာ အဆင့်မြင့် အာဏာ ဖွဲ့စည်းပုံသည် ကြီးမားသည့် ပြောင်းလဲမှု မရှိဘဲ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှုကိုလည်း ထိန်းသိမ်းထားနိုင်မည် ဖြစ်ကြောင်း၊ သမ္မတ တာဝန် ထမ်းဆောင်ပြီး ဦးဝင်းမြင့်သည် အစိုးရ လုပ်ငန်းဌာန စီမံခန့်ခွဲရေး၊ စီမံအုပ်ချုပ်ရေး အလုပ်တွင်ကျယ်မှု တိုးမြှင့်ရေး၊ စစ်ဘက်နှင့် ဆက်ဆံမှု ညှိနှိုင်းရေး စသည့် နယ်ပယ်များတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း အကဲခတ်များက ယူဆကြသည်။

   Webradio