• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဆန်-မဲခေါင် မြစ်ဝှမ်း ဒေသတွင်း နိုင်ငံဖြတ်ကျော် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်း ကာကွယ်ရေး စနစ် စတင် ကျင့်သုံး

(GMT+08:00) 2018-03-27 14:32:21

ယခုလ ၂၆ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့သော အာရှနှင့် ပစိဖိတ် ဒေသ သစ်ပင်စိုက်ပျိုးရေး နိုင်ငံတကာ အစည်းအဝေးတွင် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် အပါအဝင် လန်ဆန်-မဲခေါင် ၆နိုင်ငံတို့မှ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းဌာနများမှ ကိုယ်စားလှယ်များသည် လန်ဆန်-မဲခေါင် မြစ်ဝှမ်း ဒေသတွင်း နိုင်ငံဖြတ်ကျော် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး စနစ်ကို ပူးတွဲ စတင် ကျင့်သုံးပြီး ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဒေသတွင်း နိုင်ငံဖြတ်ကျော် တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်း ကာကွယ်ရေးကို အားဖြည့်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း ကြေညာသည်ဟု တရုတ် သတင်းအရ သိရသည်။

    လန်ဆန်-မဲခေါင်မြစ်ဝှမ်းဒေသသည် ကမ္ဘာပေါ်တွင် ဇီဝမျိုးစုံ အလွန်ပေါကြွယ် သောဒေသ ဖြစ်ပြီး အဖိုးတန်၍ ရှားပါးသော တောရိုင်းတိရိစ္ဆာန်များစွာ မှီတင်းနေထိုင်ရာ နေရာလည်း ဖြစ်ကြောင်း၊ သို့သော် ယခုနှစ်များတွင် ၄င်းမှီတင်းနေထိုင်ရာ နေရာ ဖျက်ဆီးမှု ခံရပြီး ဆုံးရှုံးသွားခဲ့သောကြောင့် တောရိုင်းတိရိစ္ဆာန်များ ထိန်းသိမ်းကာကွယ်ရေးတွင် ကြီးမားသော စိန်ခေါ်မှု ရင်ဆိုင်နေရကြောင်း၊ ၄င်းစနစ်ကို ကျင့်သုံးပြီး ဒေသတွင်း စီးပွားရေး အုပ်စုများ အကြား သက်ဆိုင်ရာ သတင်းအချက်အလက်များ ကူးလူးဖလှယ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ရေး၊ နိုင်ငံဖြတ်ကျော် ပူးတွဲ ထိန်းသိမ်း ကာကွယ်ရေး စူးစမ်းလေ့လာခြင်း၊ သိပ္ပံပညာ သုတေသနပြုခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံရှိခြင်း ထိန်းသိမ်းကာကွယ်မှုရှိသော စင်္ကြန် တည်ဆောက်ရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား ဆောင်ရွက်မည့် အပြင်၊ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းဌာနများ အကြား ကူးလူးဖလှယ်မှုနှင့် လေ့လာရေးကို အားဖြည့်ပြုလုပ်ပြီး စွမ်းဆောင်ရည်ကို တိုးမြှင့်မည် ဖြစ်ကြောင်းလည်း သိရသည်။

   Webradio