• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို လူသိများလာအောင် ကြိုးပမ်းမည်ဟု ကမ္ဘောဒီးယားဆို

(GMT+08:00) 2018-03-26 10:36:15

မကြာခင်က "လန်ဆန်-မဲခေါင် သီတင်းပတ်"လှုပ်ရှားမှုကို ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ပရတ် စိုကွန်က ကမ္ဘောဒီးယား ဆိုင်ရာ တရုတ် မီဒီယာများနှင့် တွေ့ဆုံရာတွင် ပိုမိုများပြားသည့် ပြည်သူများက လန်ဆန်- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စနစ်ကို သိရှိလာအောင် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

ပရတ်စိုကွန်က လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးသည် အပြန်အလှန် ဆက်သွယ်ရေး၊ ထုတ်လုပ်နိုင်စွမ်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံဖြတ်ကျော် စီးပွား ရေးပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု၊ လယ်ယာ စိုက်ပျိုးရေး နှင့်ဆင်းရဲမှု လျှော့ပေါ့ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် နယ်ပယ်များကို အဓိကထား ဆောင်ရွက်ကြောင်း၊ လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး၏ အနှစ် သာရမှာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပြီး မဲခေါင်မြစ်ဝှမ်း ဒေသရှိ နိုင်ငံများ အကြား ဖွံ့ဖြိုးတိုးတက်ရေး ကွာဟမှု ကျဉ်းမြောင်းစေရန်နှင့် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး ဖြစ်စဉ် အရှိန်မြှင့်ရန် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊ လန်ဆန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးမှ ရရှိသော အောင်မြင်မှုများသည် မဟာ မဲခေါင်မြစ် ဒေသငယ်၏ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်းလည်း ပြောကြားသည်ဟု သိရသည်။

   Webradio