• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယား သမ္မတသည် ဗီယက်နမ်တွင် ခရီးလှည့်လည်

(GMT+08:00) 2018-03-23 14:19:34

ဗီယက်နမ် နိုင်ငံတော် ဥက္ကဋ္ဌ Tran Dai Quang၏ ဖိတ်ကြားချက် အရ တောင်ကိုးရီးယား သမ္မတ မွန်ဂျေအင်နှင့် ဇနီးတို့သည် ယခုလ ၂၂ရက်နေ့ ညနေပိုင်းက ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တော်သို့ ရောက်ရှိပြီး ဗီယက်နမ် နိုင်ငံတွင် ၃ရက်ကြာ တရားဝင် ခရီးစဉ်ကို စတင်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းသည် ယခုနှစ်တွင် မွန်ဂျေအင်၏ ပထမဆုံး အကြိမ် နိုင်ငံခြား ခရီးစဉ် ဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာလက ဒါနန်းတွင် ကျင်းပသော အေပက် ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သည့် နောက်ပိုင်း၌ ဒုတိယအကြိမ် ဗီယက်နမ် ခရီးစဉ် ဖြစ်ကြောင်း၊ မွန်ဂျေအင်သည် ယနေ့တွင် Tran Dai Quangနှင့် တွေ့ဆုံဆွေးနွေးပြီး သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးချုပ်ဆိုပွဲတွင်လည်း ပါဝင်ကြမည် ဖြစ်ကြောင်း၊ ထို့အပြင်၊ မွန်ဂျေအင်သည် ဗီယက်နမ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး Nguyen Phu Trọng၊ ဗီယက်နမ် အစိုးရ ဝန်ကြီးချုပ် Nguyễn Xuân Phúc ၊ ဗီယက်နမ် လွှတ်တော် ဥက္ကဋ္ဌ Nguyen Thi Kim Nganနှင့် သွားရောက် တွေ့ဆုံနှုတ်ဆက်မည် ဖြစ်ကြောင်းလည်း သိရသည်။

ယခုအကြိမ် မွန်ဂျေအင်၏ ဗီယက်နမ် ခရီးစဉ်သည် ဗီယက်နမ် အပေါ် တောင်ကိုးရီးယား နိုင်ငံမှ အလေးထားမှုကို အပြည့်အဝ ဖော်ပြနေကြောင်း၊ လွန်ခဲ့သည့် နိုဝင်ဘာလက မွန်ဂျေအင်က "တောင်ပိုင်း မူဝါဒသစ်"ကို အဆိုပြု တင်သွင်းပြီး တောင်ကိုးရီးယားနှင့် အရှေ့တောင်အာရှ၊ အနောက်တောင်အာရှ နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင်ရန် ရည်ရွယ်ထားကြောင်း၊ ဗီယက်နမ် အပါအဝင် အာဆီယံ နိုင်ငံများသည် ၄င်းစီမံကိန်းတွင် ပါဝင်ကြကြောင်း သိရသည်။

တောင်ကိုးရီးယားနှင့် ဗီယက်နမ် အကြား သံတမန် ဆက်ဆံမှု ထားရှိခဲ့သည်မှာ ၂၅နှစ်ပင် ရှိသော်လည်း နယ်ပယ် အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှုသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ လက်ရှိအချိန်တွင် ဗီယက်နမ်သည် ကမ္ဘာပေါ်၌ တောင်ကိုးရီးယား၏ စတုတ္ထ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သလို အာဆီယံတွင် တောင်ကိုးရီးယား၏ အကြီးဆုံး ကုန်သွယ်ဖက်လည်း ဖြစ်ကြောင်း၊ တောင်ကိုးရီးယား နိုင်ငံသည် ဗီယက်နမ်အတွက် အကြီးဆုံး တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု နိုင်ငံ ဖြစ်သလို ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက်လည်း ဖြစ်ကြောင်း သိရသည်။

   Webradio