• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကင်မရွန်းသမ္မတနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-03-23 13:38:20

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယမန်နေ့ ၂၂ ရက်နေ့က ပြည်သူ့ခန်းမဆောင် ကြီး၌ ကင်မရွန်းနိုင်ငံသမ္မတဘီယာနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟုဆင်ဟွာသတင်းအရသိရ သည်။ နှစ်နိုင်ငံချစ်ကြည်ရေးအခြေခံနက်ရှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှု စွမ်းအား ကြီးမားသော အားသာချက်ကို အသုံးပြုပြီး တရုတ်-ကင်မရွန်းဆက်ဆံရေး ပိုမိုမြင့်မားသောအဆင့်သို့ တက်လှမ်းရန် တွန်းအားပေးမည် ဟု နှစ်နိုင်ငံခေါင်းဆောင်တို့ တညီတညွတ်တည်းသဘောတူကြသည်။

 ရှီကျင့်ဖိန်က သမ္မတဘီယာသည် အာဖရိကဝါရင့်ခေါင်းဆောင်ကြီးဖြစ်သကဲ့သို့ တရုတ်ပြည်သူတို့၏ မိတ်ဆွေဟောင်းလည်း ဖြစ်ကြောင်း၊သမ္မတဘီယာသည် ယခုနှစ် ပထမဆုံးသော တရုတ်ပြည်သို့ ခရီးလှည့်လည်သည့် အာဖရိကမှ နိုင်ငံတော်အကြီးအ ကဲဖြစ်သကဲ့သို့ ယခုနှစ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်နှင့် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေးအပြီး လာရောက်ခရီးလှည့်လည်သော ပထမဆုံး နိုင်ငံခြား အကြီးအကဲဖြစ်ကြောင်း၊ ကင်မရွန်းနိုင်ငံသည် တရုတ်နိုင်ငံ၏ အာဖရိကမှ ချစ်ကြည် ရင်းနှီးသော နိုင်ငံနှင့် အရေးကြီးသော ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio