• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်အနေနှင့်၊ တံခါးဖွင့်ရေးကို တစ်ဆင့်တိုး ကျင့်သုံးပြီး၊ အာဏာချဲ့ထွင်မည်မဟုတ် ကြောင်း ဝန်ကြီးချုပ် လီခေ့ချန်အလေးထားပြောကြား

(GMT+08:00) 2018-03-21 15:25:07

      ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးကို ယခုလ ၂၀ ရက်နေ့က ပီကင်းတွင် ကျင်းပပြီးစီးခဲ့သည်။ ပိတ်ပွဲ အခမ်းအနားအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌၊ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ သတင်းထောက်များ၏ မေမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့သည်။ လီခေ့ချန်က ပြီးခဲ့သည့် နှစ် ၄၀ ကျော်အတွင်း တရုတ်နိုင်ငံက ရရှိခဲ့သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သည်၊  တံခါးဖွင့်ရေးနှင့် ခွဲမရကြောင်း၊ တရုတ်ပြည်အနေနှင့်၊  လွတ်လပ်သော ကုန်သွယ်ရေး ကို ဆက်လက်ထိန်းသိမ်းကာကွယ်ပြီး တံခါးဖွင့်ရေးကို တဆင့်တိုး ကျင့်သုံး မည်ဖြစ်ကြောင်း ပြောကြားသည့်အပြင်၊ တရုတ်ပြည်အနေနှင့် မိမိတိုင်းပြည်ကိစ္စရပ်များကို စွမ်းအား အပြည့်အဝဖြင့် ဆောင်ရွက်ပြီး၊ အာဏာချဲ့ထွင်ရေးကို မည်သို့မျှ ပြုမည် မဟုတ်ကြောင်း အလေးထားပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

 

   Webradio