• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်အစိုးရလုပ်ငန်းအစီရင်ခံစာတွင် နေရာ ၈၆ ခု ပြင်ဆင်

(GMT+08:00) 2018-03-21 08:53:28

တရုတ် နိုင်ငံတော်ကောင်စီ သုတေသနဌာန ဒုဥက္ကဋ္ဌ ဟန်ဝင်ရှုက၊ ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေးတွင် စိစစ် အတည် ပြုခဲ့သော အစိုးရလုပ်ငန်း အစီရင်ခံစာတွင် နေရာ ၈၆ ခုကို ပြင်ဆင်ထားကြောင်း၊ ပြည်လုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များနှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များ၏ အဆိုပြုချက်များကို ထည့်သွင်းထားပြီး ပြည်သူလူထုများ၏ ဆန္ဒများ ပေါ်လွင်လာစေကြောင်း ယခုလ ၂၀ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ဟန်ရှုဝင်က၊ ယခုနှစ်တွင် တရုတ်နိုင်ငံသည် တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံရေး အခြေခံမူကို စွဲကိုင်မည် ဖြစ်ပြီး စီးပွါးရေး အရည်သွေး ကောင်းမွန်စွာ တိုးတက်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio