• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်စီးပွားရေးတိုးတက်မှုအပေါ် တရုတ်နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး ချီးကျူး

(GMT+08:00) 2018-03-20 10:13:23

      တရုတ်နိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး Abdülkadir Emin Önen က ၊ တရုတ်ပြည် အနေနှင့် ကိုယ်တိုင်နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုအပေါ် အာရုံစိုက်သည့်အပြင်၊ ကမ္ဘာဖွံ့ဖြိုးရေး အပေါ်လည်း ဆက်တိုက်အားပေးထောက်ခံကြောင်း၊ အခြားနိုင်ငံအနေနှင့်၊ တရုတ်ပြည် အား နည်းယူလေ့လာသင့်ကြောင်း ယခုလ ၁၉ ရက်နေ့က ပီကင်းတွင် ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

သံအမတ်ကြီး Önen သည်၊ ပီကင်းတွင် ကျင်းပသည့် ၁၃ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေးနှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် အစည်းအဝေးကို ဆက်လက်အာရုံစိုက်လျက်ရှိသည်။ သူက၊ ပြီးခဲ့သည့် နှစ် ၄၀ အတွင်း တရုတ်ပြည်သည်၊ တံခါးဖွင့်ရေးကို အဆက်မပြတ် အားဖြည့်ဆောင်ရွက်ပြီး၊ စီးပွားရေး ဆက်တိုက်ဖွံ့ဖြိုးလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio