• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တိကျထိရောက်စွာ ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် NPC ကိုယ်စားလှယ်များ အကြံပြု

(GMT+08:00) 2018-03-19 14:45:54

        တရုတ်ဗဟိုအစိုးရ၏ ယခုနှစ် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် တိကျထိရောက်စွာ ဆင်းရဲမွဲတေမှုပပျောက်ရေး လုပ်ငန်းကို ပိုမိုမြှင့်တင်ရမည်ဟု ထပ်လောင်း ဖော်ပြခဲ့သည်။ မကြာခင်ရက်များအတွင် ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက်နေသည့် ကိုယ်စားလှယ်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အကြံဥာဏ်ကောင်းများ တင်ပြခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ကျေးလက်ဒေသရေးရာ တာဝန်ရှိပုဂ္ဂိုလ်၊ ကိုယ်စားလှယ် ချင်ရွက်ဖေက ပြည့်စုံကောင်းမွန်သော အာမခံပေးရေးစနစ်ကို ထူထောင်ရေးဖြင့် ပိုမိုများပြားသော ထူးချွန်သူများ ကျေးလက်ဒေသ၌ လုပ်ကိုင်ရန် ဆွဲဆောင်ရန် တိုက်တွန်းသည်။

        Inspur ကုမဏီ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ၊ ကိုယ်စားလှယ် စွန်ဖီရှုက ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် စစ်ဆေးမှု၊ အကူအညီပေးမှုနှင့် အဆုံးအဖြတ်ပြုမှုတို့ကို Big Data ဖြင့် တိကျ မှန်ကန်စွာ ဆောင်ရွက်နိုင်ကြောင်း အကြံပြုပြောကြားသည်။

   Webradio