• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး သဘာပတိအဖွဲ့၊ နဝမအကြိမ်အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-03-19 10:38:19

      ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်း အဝေးသဘာပတိအဖွဲ့သည်၊ ယခုလ ၁၈ ရက်နေ့ နံနက်ပိုင်းက နဝမအကြိမ် အစည်းအဝေး ကို ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရသည်။

သဘာပတိအဖွဲ့ အမြဲတမ်းဥက္ကဋ္ဌ လိကျန့်ရှူးသည်၊ ယခုအကြိမ်အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့သည်။ (တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ) ပုဒ်မ ၆၂ အရ၊ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည်၊ နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချုပ်၊ နိုင်ငံတော်ကောင်စီဝင်၊ ဝန်ကြီးများ၊ ကော်မတီဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့ဘဏ် ဥက္ကဋ္ဌ၊ စာရင်းစစ်ချုပ်၊ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်သူများ၏ အမည်စာရင်းကို ကွန်ဂရက် အစည်းအဝေးထံသို့ တင်သွင်းခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio