• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ခေါင်းဆောင်သစ်များ အခန်းကဏ္ဍသစ် ဖွင့်လှစ်ရန်အပေါ် တရုတ်အနွယ်ဖွားများ ယုံကြည်စိတ်ရှိ

(GMT+08:00) 2018-03-19 08:53:39

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေးတွင် ယခုလ ၁၇ ရက်နေ့က နိုင်ငံတော် ခေါင်းဆောင်သစ်များကို ရွေးချယ် တင်မြှောက်ခဲ့ပြီး ရှီကျင့်ဖိန်သည် ထောက်ခံမဲ အားလုံးဖြင့် နိုင်ငံတော် ဥက္ကဋ္ဌနှင့် ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပါသည်။

ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများက၊ နိုင်ငံတော် ခေါင်းဆောင်သစ်များကို ပြတ်ပြတ်သားသား အားပေးထောက်ခံပါကြောင်း၊ နိုင်ငံတော် ခေါင်းဆောင်သစ်များက တရုတ် အမျိုးသား တစ်ရပ်လုံးကို ဦးဆောင်ပြီး အသင့်အတင့် ချမ်းသာသော လူ့ဘောင်အဖွဲ့အစည်း နေထိုင်မှုဘဝ ဘက်စုံ ထူထောင်ရေးနှင့် ဆိုရှယ်လစ် ခေတ်မီ နိုင်ငံတော် ထူထောင်ရေး ဆိုင်ရာ အခန်းကဏ္ဍသစ် ဖွင့်လှစ်ရန် အပေါ် ယုံကြည်စိတ် အပြည့်အဝ ရှိပါကြောင်း အသီးသီး ဖေါ်ပြခဲ့ကြသည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio