• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ပထမအကြိမ်အစည်းအဝေး သဘာပတိအဖွဲ့ အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဆဌမအကြိမ်အစည်းအဝေးကျင်းပ

(GMT+08:00) 2018-03-18 14:31:42

၁၃ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ပထမအကြိမ်အစည်းအဝေး သဘာပတိအဖွဲ့ အလုပ်အမှုဆောင်ဥက္ကဋ္ဌက ဆဌမအကြိမ်အစည်းအဝေးကို ယမန်နေ့ ၁၇ ရက်နေ့ညနေပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့သည်။ သဘာပတိအဖွဲ့ အလုပ် အမှုဆောင်ဥက္ကဋ္ဌလိကျန့်ရှူသည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့သည်ဟုဆင်ဟွာ သတင်း အရသိရသည်။

အစည်းအဝေးတွင် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဥပဒေရေးရာကော်မတီမှ ဥက္ကဋ္ဌလီဖေးဇို့တင်ပြသော ကြီးကြပ်စစ်ဆေးရေးဥပဒေ မူကြမ်း ပြင်ဆင်ရေးအကြံပြုချက်ဆိုင်ရာအစီရင်ခံစာကို ကြားနာခဲ့သည်ဟုသိရသည်။

   Webradio