• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် နိုင်ငံတော် ဥက္ကဋ္ဌ အဖြစ် အရွေးခံရ၊ ပထမဆုံးအကြိမ် အဖြစ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ကျမ်းသစ္စာ ကျိန်ဆို

(GMT+08:00) 2018-03-17 19:57:20

ယခုလ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပသော ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး၏ မဲပေးပွဲတွင် ရှီကျင့်ဖိန်သည် ထောက်ခံမဲအားလုံးဖြင့် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် အရွေး ခံခဲ့ရပြီး ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် ၃၀၀၀ ခန့်တို့ ရှေ့မှောက်၌ ပထမဆုံးအကြိမ် အဖြစ်ဖြင့် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

အစည်းအဝေးတွင် လိကျမ့်ရှူးကို ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ပြီး၊ ဝမ်ချီစမ်းကို နိုင်ငံတော် ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါသည်။

ထို့နောက် ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ပြုလုပ်ခဲ့ပါသည်။ ယင်းသည် ၂၀၁၄ ခုနှစ်မှစ၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ စနစ် ကျင့်သုံး ခဲ့သည့်နောက်ပိုင်း ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၌ ပထမဆုံး အကြိမ် အဖြစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ပြုလုပ်ခြင်း ဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်မှ ကိုယ်စားလှယ် ယူဟိုင်လုံက၊ ရဲဘော် ရှီကျင့်ဖိန်သည် နိုင်ငံတော် ဥက္ကဋ္ဌနှင့် ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် အရွေး ခံရခြင်းသည် မိမိတို့ တပ်မတော် စစ်မှုထမ်းတစ်ရပ်လုံး၏ တူညီသော မျှော်လင့်ချက် ဖြစ်ကြောင်း ပြောကြားပါသည်။

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှ ကိုယ်စားလှယ် ချင်ယုံက၊ ကျမ်းသိစ္စာ ကျိန်ဆိုပွဲသည် အလွန် တည်ကြည်လေးနက်ပြီး ယင်းသည် ပြည်သူ တစ်ရပ်လုံးအပေါ် ရိုးသားဖြူစင်သော ကတိပြုချက်ပင် ဖြစ်ကြောင်း ပြောကြားပါသည်။

တရုတ်ပြည်သူ့တက္ကသိုလ် တရားဥပဒေပညာ ကောလိပ်ကျောင်း ကျောင်းအုပ်ကြီး ပါမောက္ခ ဝမ်ရွှိက၊ ယခုအကြိမ် ရွေးကောက်ပွဲကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး ပြည်သူပြည်သားများ၏ ကျယ်ပြန့်သော ဆန္ဒကို ပြသထားကြောင်း ပြောကြားပါသည်။

   Webradio