• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံတော် ခေါင်းဆောင်သစ်များ ရွေးချယ်တင်မြှောက်၊ ရှီကျင့်ဖိန်သည် နိုင်ငံတော် ဥက္ကဋ္ဌ အဖြစ် အရွေးခံရ

(GMT+08:00) 2018-03-17 11:05:40

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး၏ ပဉ္စမ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပီကင်း၌ ကျင်းပခဲ့ရာ မဲခွဲဆုံးဖြတ်သော နည်းလမ်းဖြင့် ရှီကျင့်ဖိန်ကို နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အစည်းအဝေးတွင် လိကျမ့်ရှူးကို ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ အဖြစ် ၄င်း၊ ဝမ်ချီစမ်းကို နိုင်ငံတော် ဒုဥက္ကဋ္ဌ အဖြစ် ၄င်း ရွေးချယ်တင်မြှောက်ခဲ့ပါသည်။

ပဉ္စမ အကြိမ် မျက်နှာစုံညီ အစည်းအဝေး အပြီးတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။ ယင်းသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ကျမ်းသစ္စာ ကျိန်ဆိုပွဲ စနစ် ကျင့်သုံးခဲ့သည့် နောက်ပိုင်း တရုတ် ခေါင်းဆောင်များက ပထမဆုံးအကြိမ် အဖြစ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာကျမ်းသစ္စာ ကျိန်ဆိုပွဲ ပြုလုပ်ခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio