• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပါတီနှင့် နိုင်ငံတော် ကောင်စီ လုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲမှုသည် ခေတ်သစ်တွင် တရုတ် ဝင်ရောက်ရန် လိုအပ်မှု ဖြစ်ဟု ရုရှား ပညာရှင်များဆို

(GMT+08:00) 2018-03-16 14:48:13

ရုရှား ပညာရှင်များသည် ယခုရက်များတွင် ပီကင်း၌ ကျင်းပသော ၁၃ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပထမအကြိမ် အစည်းအဝေး၊ ၁၃ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပထမအကြိမ် အစည်းအဝေးနှင့် ယင်း အစည်းအဝေး ၂ခုမှ အရေးကြီး အတည်ပြု ဆုံးဖြတ်ချက်များ အပေါ် အာရုံစိုက်နေ ကြကြောင်း၊ ၄င်းတို့က တရုတ် ပါတီနှင့် နိုင်ငံတော် ကောင်စီ လုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲမှုသည် ခေတ်ကာလသစ်သို့ တရုတ်ပြည် ဝင်ရောက်ရန် လိုအပ်မှု ဖြစ်ကြောင်း ယူဆသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ရုရှား မဟာဗျူဟာ သုတေသနဌာန ဒုဌာနမှူး၊ ရုရှား ရာဇဝင်ပညာရှင်၊ ဒေါက်တာ ကွန်စတန်တင် ကိုကာလက်ဗ်က ၁၃ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက် မူကြမ်းကို အတည်ပြု ပြဌာန်းခဲ့ကြောင်း၊ ၄င်းပြင်ဆင်ရေး မူကြမ်းတွင် ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသ ထူးခြားချက်ပါ အတွေးအခေါ် ဆိုင်ရာ အချက် အလက်များကို ထည့်သွင်းရေးသားခြင်းသည် အရေးကြီးသည့် သမိုင်းဝင် အနက်အဓိပ္ပါယ် ရှိကြောင်း ပြောကြားသည်။

တရုတ် ပါတီနှင့် နိုင်ငံတော် ကောင်စီ လုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ၄င်းက ခေတ်ကာလသစ်မှ လိုအပ်မှုနှင့် အညီ လုပ်ငန်းဌာနများ၏ လုပ်ငန်းတာဝန်များ ထပ်နေခြင်းကို ရှောင်ရှားပြီး စီမံအုပ်ချုပ်ရေး အလုပ်တွင်ကျယ်မှုကို တင်မြှင့်ရန် အတွက် တရုတ် အစိုးရသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး စနစ် တည်ဆောက် ရေးကို အဆက်မပြတ် တွန်းအားပေးနေကြောင်း ပြောကြားသည်။

တရုတ်-ရုရှား ဆက်ဆံမှု အပေါ် တရုတ်ပြည် ပြုပြင်ပြောင်းလဲမှု အဆက်မပြတ် ဇောက်ချပြုလုပ်ခြင်းမှ သြဇာသက်ရောက်မှုနှင့် ပတ်သက်၍ ရုရှား ပြည်သူ့ ချစ်ကြည်ရေး တက္ကသိုလ် ဒုပါမောက္ခ အောလက် တီမိုဖီယဲ့ဗ်က တရုတ်ပြည် ကျင့်သုံးသော အရေးကြီး မူဝါဒများသည် ရုရှား-တရုတ် ဆက်ဆံမှုကို ပိုပြီး တည်ငြိမ်စေမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နိုင်ငံရေးနှင့် စီးပွားကုန်သွယ်ရေး အပါအဝင် အလွှာပေါင်းစုံတို့သည် ယခု အခွင့်ကောင်းများ ရှိနေသည့် အချိန်ကာလကို အပြည့်အဝ အသုံးပြုသင့်ကြောင်း ပြောကြားသည်။

 

   Webradio