• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် တရုတ် အာကာသ လုပ်ငန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မည်

(GMT+08:00) 2018-03-16 14:47:16

      ၂၀၁၈ခုနှစ်သည် တရုတ် အာကာသ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် မှတ်တိုင် ကျသည့် နှစ်တစ်နှစ် ဖြစ်မည် ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့ ညနေ ၁နာရီအချိန်က ပေတို-လမ်းကြောင်းပြခြင်း ဂြိုဟ်တု ၂လုံးအား သယ်ဆောင်ထားသော ချန်ကျင်း-အမှတ် ၃ ခ/ယွမ်ကျင်း အမှတ် ၁ သယ်ဆောင်ဒုံးပျံကို တရုတ်ပြည် ရှီးချမ်း-ဂြိုဟ်တု လွှတ်တင်ရေး စင်တာတွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ လျာထားသည့် အတိုင်း ယခုနှစ် တစ်နှစ်ပတ်လုံးတွင် တရုတ်ပြည် သည် ပေတို-အမှတ် ၃ ဂြိုဟ်တု ၁၈လုံးကို လွှတ်တင်ရန် စီစဉ်ထားကြောင်း၊ ယင်းဂြိုဟ်တုများသည် Belt and Roadဆိုင်ရာ နိုင်ငံများ အတွက် အခြေခံ ဝန်ဆောင်မှုများ ပေးမည် ဖြစ်ကြောင်း သိရသည်။ တရုတ် အာကာသ သိပ္ပံနည်းပညာ ကုမ္ပဏီအုပ်စု တရုတ် သယ်ဆောင်ဒုံးပျံ နည်းပညာ သုတေသန အကယ်ဒမီ ဥက္ကဋ္ဌ လီဟုန်က ယခုနှစ် တရုတ် ချန်ကျင်း-သယ်ဆောင်ဒုံးပျံ လွှတ်တင်မှု အကြိမ် ပမာဏသည် စံချိန်သစ် တင်မည် ဖြစ်ကြောင်း၊ ပေတို-ဂြိုဟ်တုများနှင့် ချန်အို အမှတ် ၄ဂြိုဟ်တု အပါအဝင် လွှတ်တင်မှု ၃၆ကြိမ်ကို ပြုလုပ်ရန် စီစဉ်ထားကြောင်း ပြောကြားသည်။

ယခုနှစ်တွင် တရုတ် လူပါ အာကာသယာဉ် လုပ်ငန်းသည် "အာကာသ စခန်း ခေတ်သစ်"တွင် ဘက်စုံ ဝင်ရောက်မည် ဖြစ်ကြောင်းလည်း စီအာအိုင်က ဖော်ပြသည်။ တရုတ် လူပါ အာကာသ လုပ်ငန်း အစီအစဉ်များ ရေးရာရုံး ဒုဥက္ကဋ္ဌ၊ ယခင် အာကာသ ယာဉ်မှူး ယန်လိဝေက တရုတ်ပြည်သည် အာကာသစခန်း တည်ဆောက်နိုင်စွမ်းရှိပြီ ဖြစ်ကြောင်း၊ ယခုနှစ်သည် အာကာသ စခန်း တည်ဆောက်ရေး အပါအဝင် အာကာသ သိပ္ပံသုတေသန လုပ်ငန်းတာဝန်များ အတွက် အလွန် သော့ချက်ကျသော နှစ်တစ်နှစ် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ယခုနှစ်တွင် တရုတ်ပြည်သည် အကြီးစား သယ်ဆောင်ဒုံးပျံ အင်ဂျင်စက် တီထွင်ထုတ်လုပ်ရေး နယ်ပယ်၌ တိုးတက်မှု ရရှိရန် အလားအလာရှိကြောင်း၊ စီးပွားဖြစ် အာကာသ လုပ်ငန်းသည် ဘက်စုံ ခြေလှမ်းစမည် ဖြစ်ကြောင်းလည်း စီအာအိုင်က ရေးသားဖော်ပြသည်။

 

   Webradio