• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော်ကောင်စီလုပ်ငန်းဌာနများပြုပြင်ပြောင်းလဲရေးအပေါ် ထိုင်းနိုင်ငံ အရာရှိ တန်ဖိုးထားချီးကျူး

(GMT+08:00) 2018-03-16 10:54:25

      တရုတ်နိုင်ငံတော်ကောင်စီလုပ်ငန်းဌာနများပြုပြင်ပြောင်းလဲရေး အဆိုပြုချက် မူကြမ်း ကို စိစစ်ရန် ယခုလ ၁၃ ရက်နေ့က ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးထံ တင်သွင်းခဲ့သည်။ ယင်းမူကြမ်းနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံရေးလောကသည်၊ တန်ဖိုးထား ချီးကျူးခဲ့ ကြောင်း စီအာအိုင်ကဖော်ပြသည်။

ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ်၏ အကြံပေးအရာရှိ၊ ထိုင်း-တရုတ်ယဉ်ကျေးမှုနှင့် စီးပွားရေး အသင်း ဒု ဥက္ကဋ္ဌ Paisal Puechmongkol က ယင်းသည်၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုတွင် ပြုပြင်ပြောင်းလဲမှု ဘက်စုံပြီး နက်ရှိုင်းစွာ ပြုလုပ်ခြင်း၌ အောင်မြင်မှု နောက်တစ်ရပ်ဖြစ်ကြောင်း စီအာအိုင်သတင်းထောက်အား ပြောကြားခဲ့သည်။

   Webradio