• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယားတွင် တရုတ် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု တက်ကြွစွာ ပြုလုပ်

(GMT+08:00) 2018-03-15 14:45:35

ကမ္ဘောဒီးယား ကုန်သွယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု တိုးမြှင့်ရေး ဌာနချုပ် ပြပွဲရေးရာ ဌာန ဌာနမှူး မော ဝီစနာက လွန်ခဲ့သည့် ဆယ်နှစ် အတွင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ပလက်ဖောင်းဖြင့် ကမ္ဘောဒီးယားနှင့် တရုတ် နှစ်နိုင်ငံ အကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်များစွာကို ချုပ်ဆိုခဲ့ကြကြောင်း၊ တရုတ် ကုမ္ပဏီများသည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုကို တက်ကြွစွာ ပြုလုပ်နေကြောင်း ယခုလ ၁၄ရက်နေ့က တရုတ်ပြည် ကွမ်ရှီ၌ ပြောကြားသည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ကမ္ဘောဒီးယား ပြပွဲ ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို ထိုနေ့က နန်နင်းမြို့တွင် ကျင်းပခဲ့ကြောင်း၊ ၄င်းသတင်းစာ ရှင်းလင်းပွဲတွင် တရုတ်- အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးဌာန ဒုအတွင်းရေးမှူးချုပ် ယန်ယန့်ယန့်က တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ကမ္ဘောဒီးယား ပြပွဲကို ယခုလ ၃၀ရက်နေ့မှ ဧပြီလ ၁ရက်နေ့အထိ ကမ္ဘာဒီးယား နိုင်ငံ ဖနွမ်းပင်မြို့ ဒိုင်းမွန်းကျွန်း ပြပွဲ စင်တာတွင် ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ်-အာဆီယံ နည်းပညာ ပြောင်းရွှေ့ရေး စင်တာ၊ တရုတ် ကားလမ်းနှင့် တံတား တည်ဆောက်ရေး လိမိတက် ကုမ္ပဏီ(CRBC) အပါအဝင် တရုတ် ကုမ္ပဏီ ၂၉၀သည် ၄င်းပြပွဲတွင် ပါဝင်ကြမည် ဖြစ်ကြောင်း၊ ယင်းသည် ယခုအချိန်ထိ တရုတ်- အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးဌာနမှ ပြည်ပတွင် ကျင်းပမည့် အတိုင်းအတာ အကြီးမားဆုံး ကုန်စည်ပြပွဲ ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ယန်ယန့်ယန့်က ယခုအကြိမ် ကုန်စည်ပြပွဲတွင် ကမ္ဘောဒီးယား ဈေးကွက် လိုအပ်မှုနှင့် အညီ တရုတ် စက်ယန္တရား ပစ္စည်း ကိရိယာ၊ အီလက်ထရွန်နစ် ပစ္စည်း၊ လယ်ယာစိုက်ပျိုးရေး၊ အပေါ့စား စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေး ပစ္စည်း၊ စွမ်းအင် ချွေတာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စသည့် နယ်ပယ်များမှ အရည်အသွေး ကောင်းမွန်သည့် ကုန်ပစ္စည်းများနှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများကို အလေးထား ခင်းကျင်းပြသမည် ဖြစ်ကြောင်း၊ ထို့အပြင်၊ ကမ္ဘောဒီးယားတွင် တရုတ် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရေးကို ကူညီပံ့ပိုးရန် အတွက် ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံရေး မိတ်ဆက်ဖြန့်ချိပွဲ၊ အဓိက ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း သဘောတူ စာချုပ် ချုပ်ဆိုပွဲ အခမ်းအနား၊ တရုတ်-ကမ္ဘောဒီးယား နည်းပညာ စေ့စပ်ဆွေးနွေးပွဲ၊ ကုန်သွယ်ရေး စေ့စပ် ဆွေးနွေးပွဲ၊ စီးပွားရေးဇုန် စူးစမ်းလေ့လာရေး စသည့် လှုပ်ရှားမှုများကို ပြုလုပ်မည် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

 

   Webradio