• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Opinion Leaders Media မှ ကို်အောင်သောင်းဦးနှင့်တွေ့ဆုံမေးမြန်း

(GMT+08:00) 2018-03-15 12:49:50

 

လက်ရှိတရုတ်နိုင်ငံ ပီကင်းမြို့မှာကျင်းပနေတဲ့ နိုင်ငံရေးစနစ်ဆိုင်ရာ NPC နဲ့ CPPCC အစည်းအဝေးတွေနှင့်ပတ်သက်ပြီး ကမ္ဘာ့မီဒီယာအများစုက စိတ်ဝင်တစားစောင့် ကြည့်သတင်းရေးသားဖော်ကြနေကြပါတယ်။ အခုလို ကမ္ဘာ့မီဒီယာတွေက စိတ်ဝင်စားနေ တဲ့ ဒီအစည်းအဝေးတွေနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံမှ လာရောက်သတင်းရယူနေတဲ့ Opin- ion Leaders Mediaမှ ကို်အောင်သောင်းဦးရဲ့ အမြင်သုံးသပ်ချက်တွေကို CRIက မေးမြန်း တင်ပြပေးလိုက်ပါတယ်။

 

မေး--မင်္ဂလာပါ။

အောင်သောင်းဦး---ဟုတ်ကဲ့မင်္ဂလာပါ။

မေး---အခုကျင်းပနေတဲ့ NPC နှင့် CPPCC အစည်းအဝေးတွေကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခွင့်ရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။

အောင်သောင်းဦး--- ဒီ NPCနှင့် CPPCCပေါ့လေ။ ဒီအစည်းအဝေးတွေကို တက်ရောက်ခွင့်ရ တဲ့အတွက် တကယ်ပဲ ၀မ်းမြောက်မိပါတယ်။ ဘာဖြစ်လဲဆိုတော့ NPCရော CPPCCပါနှစ်ခု လုံးဟာ ကျွန်တော်တို့ဒေသတွင်းသာမက ကမ္ဘာကပါစောင့်ကြည့်ရတဲ့ နိုင်ငံရေးဖြစ်စဉ် တိုးတက်မှုတစ်ရပ်ပေါ့လေ။ အဲလိုဖြစ်တဲ့အတွက် ဒီပွဲမှာ ကိုယ်တိုင်ကိုယ်ကျသွားရောက်ဖို့ စေလွှတ်တဲ့အတွက် ကျွန်တော်ရဲ့ဌာနက တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်တယ်။ ကျွန်တော်ကလည်း အကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့စိတ်နှင့်အတူ ၀မ်းမြောက်မိပါ တယ်။

မေး---ဟုတ်ကဲ့ပါ။ ဒီ NPCနှင့် CPPCC မှာ ဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာ ကိုအောင် သောင်းဦးအနေနဲ့ စိတ်ဝင်စားဆုံးအကြောင်းအရာက ဘာများဖြစ်မလဲ။

အောင်သောင်းဦး--အင်း အဓိကစိတ်ဝင်စားဆုံးအကြောင်းအရာကတော့ ကျွန်တော်အနေ နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဖြစ်စဉ်တွေပေါ့လေ။ အဲဒီနေရာမှာ လေထုညစ်ညမ်းမှုတွေ၊ ရေထုညစ်ညမ်းမှုတွေကို ဘယ်လိုအောင်အောင်မြင်မြင်တိုက်ဖျက်သွားမယ်ဆိုတာကို လာမယ့်နှစ်တွေမှာ တရုတ်အစိုးရရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကိုတွေ့မြင်ရမယ်။ နောက် တစ်ဘက်မှာလည်း AIနည်းပညာတွေတိုးတက်လာတွေရှိတယ်။ အာကာသနည်းပညာ တွေကစလို့။ နောက်တော့ စီးပွားရေးအရ နိုင်ငံတွေကိုဖြန့်ဝေတဲ့နေရာမှာ ပိုးလမ်းမလို ဟာမျိုး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာကအဓိကကျတဲ့ အားလုံးကအာရုံစိုက်နေတာက တရုတ်ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ပြီးတော့ ခေါင်းဆောင်မှုအားကောင်းအောင် ဆောင်ရွက်တဲ့အပိုင်းကဏ္ဍ ပေါ့လေ။ ဒါလည်း အဓိကအရေးကြီးတဲ့ ဖြစ်စဉ်ပေါ့။ ဒီပွဲ NPCနှင့် CPPCCမှာ ဖွဲ့စည်းပုံပြင် ဆင်ပြီး အားကောင်းတဲ့ ပိုမိုကျစ်လစ်တဲ့ မောင်းနှင်အားတစ်ခုကို ဖန်တီးနိုင်မယ်။ ခေါင်း ဆောင်မှုတစ်ရပ်ကို တရုတ်က ဖန်တီးမယ်ဆိုတဲ့အချက်က အားလုံးစိတ်ဝင်စားစရာဖြစ် တယ်။ ကျွန်တော်လည်း အရမ်းစိတ်ဝင်စားတယ်။ ဒါပေမယ့် ကျွန်တော့်တစ်ယောက်တည်း အမြင်နဲ့ပြောရင်တော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို ပိုပြီးတော့ စိတ်ဝင်စား မိပါတယ်။

မေး--ဟုတ်ကဲ့ပါ--အခု ကိုအောင်သောင်းဦး စိတ်ဝင်စားနေတဲ့ တရုတ်နိုင်ငံရဲ့ လက်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေအပေါ်မှာ ဘယ်လိုမြင်သလဲ။

အောင်သောင်းဦး--ဟုတ်ကဲ့။ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်တဲ့ ကိစ္စတွေမှာဆိုရင် ကျွန်တော်က ပြီးခဲ့လက်ထက်တွေက တောက်လျှောက်လုပ်လာခဲ့တာတွေကို အရင်က သတင်းတွေအရ တိုးတက်မှုတွေတွေ့ရပါတယ်။ ဥပမာအားဖြင့်ဆိုလို့ရှိရင် ဟိုပြီးခဲ့တဲ့ ဘီစီ (၁)ရာစုလား (၅)ရာစုလား အဲဒီဝန်းကျင်လောက်ကပေါ့လေ။ အဲဒီအချိန်ကစခဲ့တဲ့ ဆင်စွယ် ပန်းပုလုပ်ငန်းဆိုတာ တရုတ်နိုင်ငံနှင့် ခွဲမရအောင် တစ်သားတည်းရှိခဲ့တယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ တောရိုင်းတိရိစ္ဆာန်ကာကွယ်ထိန်းသိမ်းရေးအတွက် ဆင်စွယ်ပန်းပုလုပ်ငန်း တွေကို တရုတ်နိုင်ငံက ပိတ်ပင်ခဲ့တယ်။ ဆင်စွယ်ပန်းပုရောင်းခွင့်ဝယ်ခွင့်ပိတ်လိုက်တယ်။ ဒီလိုဟာမျိုးတွေ။ နောက်တော့ တရုတ်နိုင်ငံမှာ သက်ဆိုင်ရာအလိုက်ညစ်ညမ်းမှုတွေ၊ သမုဒ္ဒ ရာညစ်ညမ်းမှု ထိန်းသိမ်းဖို့ပျက်ကွက်တဲ့ဌာနတွေကို လိုအပ်သလို အရေးယူမှုဆောင်ရွက် တာတွေ၊ လေထုညစ်ညမ်းမှုလျော့ချရေးတွေ ဆောင်ရွက်တာတွေ့ရတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဒီကိုရောက်တော့မျှော်လင့်ထားတာထက် ပိုပြီးတော့ လေထုကအများကြီး သန့်စင်နေတာကို တွေ့ရတယ်ပေါ့လေ။ ကျောက်မီးသွေးစက်ရုံတွေလျော့ချပစ်လိုက်တာ ကလည်း နိုင်ငံရေးဆိုတာထက်လူသားအားလုံးအတွက် လူသားတစ်ယောက်အဖြစ်နဲ့ ကျွန်တော်ဝမ်းသာမိတယ်ပေါ့လေ။ ကျောက်မီးသွေးကြောင့် ကျွန်တော်တို့ကမ္ဘာကြီးက ထိခိုက်ပျက်စီးမှုတွေရှိနေတယ်။ ကမ္ဘာ့ရဲ့စီးပွားရေး(၃၀)ရာခိုင်နှုန်းကျော်ပါဝင်နေတဲ့ Global power စီးပွားရေးအင်အားကြီးနိုင်ငံအနေနဲ့ အခုလို ကျောက်မီးသွေးသုံးစွဲမှုကိုလျော့ချလာ တယ်ဆိုတာက ၀မ်းသာတယ်။ နောက် ကျောက်မီးသွေးနေရာမှာ တရုတ်နိုင်ငံက အစားထိုး လာတဲ့ နေစွမ်းအင်တို့၊ လေစွမ်းအင်တို့ အဲလိုမျိုးစွမ်းအင်တွေရှိတယ်။ ဒါဟာဆို ကျွန်တော် တို့နိုင်ငံမှာ ဒီနည်းပညာတွေသာ ရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံလည်း အလှမပျက်ပဲ တိုးတက်မှုလမ်းကြောင်းပေါ်ကို ကျွန်တော်တို့ရောက်ရှိသွားနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် ကလည်း နောက်ထပ်ဝမ်းသာစရာတစ်ခုပါ။ တရုတ်နိုင်ငံက ဖော်ဆောင်လိုက်တဲ့ Belt & Road ရပ်ဝန်းတစ်ခုနဲ့လမ်းတစ်သွယ်စီမံကိန်းပေါ့။ အဲဒီစီမံကိန်းကနေတစ်ဆင့် နည်းလမ်း ပေါင်းစုံတော့ရှိမှာပေါ့။ ပညာတော်သင်တွေကနေ နည်းပညာဖြန့်ပေးတာ တရုတ်နိုင်ငံက လာရောက်ပြီးတော့ ဆောင်ရွက်ပေးတာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေ အဲလိုတွေ ကနေတစ်ဆင့်  ကျွန်တော်တို့ဆီမှာသာ သန့်စင်တဲ့စွမ်းအင်လုပ်ငန်းက တွင်ကျယ်ခဲ့မယ် ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ တိုးလည်းတိုးတက်မယ် လှလည်းလှပတဲ့ နိုင်ငံတစ်ခုဖြစ် လာနိုင်မယ်ဆိုတာပါပဲ။ ဘာဖြစ်လို့ဆို ကျွန်တော်ကလည်း မြန်မာလူမျိုးတစ်ယောက်ဖြစ်ပြီး မြန်မာ့ ရေမြေအလှအပကို မြတ်နိုးတဲ့စိတ်ရှိနေလို့ပါ။

မေး-- အခုရော ဒီအစည်းအဝေးတွေနှင့်ပတ်သက်ပြီး ဘယ်လို့အကြောင်းအရာ သတင်း မျိုးတွေကို အလေးထား ရေးသားပြီးပြီလဲ။

အောင်သောင်းဦး---ဟုတ်ကဲ့။ အခုဒီလာတဲ့တစ်လျှောက်မှာ နိုင်ငံရေးနှင့်ဆိုင်တဲ့ တစ်နည်း အားဖြင့် ဒီအစည်းအဝေးတွေနှင့်သက်ဆိုင်တဲ့အကြောင်းအရာတွေကတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒမှာ သူတစ်ပါးတိုင်းပြည်ရဲ့ ပြည်တွင်းရေးကို စွက်ဖက်ခြင်းပြုမှာမဟုတ် ဘူး။ တရုတ်နည်းတရုတ်ဟန်ချဉ်းကပ်မှုအကြောင်းပေါ့လေ။ သူများတိုင်းပြည်တွေအပေါ်မှာ Non-interference မစွက်ဖက်ရေးပေါ်လစီနှင့်ပတ်သက်ပြီးတော့ တရုတ်နိုင်ငံခြားရေးဝန် ကြီးဝမ်ယိရဲ့ သတင်းကိုရေးပြီးသွားပါပြီ။ နောက်တော့ ဒီမှာ ကျွန်တော်တို့မြန်မာနိုင်ငံသား တွေစိတ်ဝင်စားမယ့် မြေအောက်ရထားအကြောင်း ကျွန်တော်ရေးပြီးသွားပြီ။ နောက်တစ်ခါ ဘေဂျင်းလေထုသန့်ရှင်းလာတဲ့အကြောင်းကို ပထမဆုံးရောက်ရောက်ချင်းနေ့မှာ   ကျွန်တော်ရေးလိုက်တယ်။ NPC ဖွင့်ပွဲသတင်းရေးတယ်။ CPPCCဖွင့်ပွဲမှာ အလွှာစုံ နယ်ပယ် စုံက ကိုယ်စားလှယ်တွေ တက်ပြီးတော့ တကယ့်တိုင်းပြည်ရဲ့အကြံပေးအဖွဲ့အစည်းအဖြစ် ဆောင်ရွက်ကြတာကို ကျွန်တော်ရေးတယ်။ နောက်တော့ စက်ဘီးအငှါးစနစ်အကြောင်း၊ မြန်မာပညာတော်သင်ကျောင်းသားများဘောလုံးအသင်းနှင့် ပီကင်းမြို့မှာရှိတဲ့ Bejing In- stitute 0f Technologyက တရုတ်ကျောင်းသားတွေရဲ့ချစ်ကြည်ရေးဘောလုံးပွဲအကြောင်း၊ မတ်လ(၁၂)ရက်နေ့က ပြုလုပ်တဲ့ NPC ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်းတွေကို အခု ရေးပြီးသွားပြီဖြစ်ပါတယ်။

မေး--ဟုတ်ကဲ့ပါ။ အခုကျင်းပနေတဲ့ NPC နဲ့ CPPCCအစည်းအဝေးတွေနဲ့ လက်ရှိတရုတ် နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်နေမှုအခြေအနေတွေအပေါ်မှာ ကိုအောင်သောင်းဦးရဲ့ ထင်မြင်သုံး သပ်ချက်ကို ပြောပေးပါဦး။

သတင်းထောက်---ဟုတ်ကဲ့။ ပထမဆုံးအစည်းအဝေးကို ရောက်သွားတဲ့အခါကျတော့ တရုတ်နိုင်ငံက နံပါတ်တစ် သတိထားမိတာက ပထမဆုံး ကျွန်တော်တို့အစည်းအဝေး ၀င် ၀င်ချင်းမှာလုံခြုံရေးဝန်ထမ်းတွေရှိမယ်။ ဒီဝန်ထမ်းတွေဟာ တာဝန်လည်းကျေတယ်။ စေ့ လည်းစေ့စပ်တယ်။ ပျူငှါဖော်ရွှေတယ်ပေါ့လေ။ အဲဒါကို ကျွန်တော် စပြီးသတိထားမိ တယ်။ နောက်တော့ အစည်းအဝေးတက်ရောက်လာတဲ့အခါမှာ တရုတ်နိုင်ငံက ကိုယ်စားလှယ် တွေအားလုံးရဲ့ ရင်းရင်းနှီးနှီးရှိမှု၊ နောက်တော့ မီဒီယာတွေကို ဆက်ဆံတဲ့အခါမှာ တပြေးညီ နွေးနွေးထွေးထွေးဆက်ဆံတယ်။ သတင်းရယူခွင့်အတွက်ကို အကောင်းဆုံးဆောင်ရွက် ပေးထားတယ်။ အဲဒါကို ကျွန်တော်ခံစားရတယ်။ နောက်တော့ ဒီအစည်းအဝေးကျင်းပ တယ်ဆိုလို့ရှိရင်လည်း  CPPCC မှာဆို အလွှာစုံ နယ်ပယ်စုံ ဘယ်လိုပြောမလဲ မျိုးနွယ်စု ငယ်တိုင်းရင်းသားကိုယ်စားလှယ်တွေတက်လာတာကအစ ကျွန်တော်တွေ့ရပါတယ်။ နောက်တော့  NPCမှာဆိုလို့ရှိရင်လည်း ကိုယ်စားလှယ်အသီးသီးပေါ့လေ၊ အဲ သုံးပုံနှစ်ပုံ က ကိုယ်စားလှယ်အသစ်တို့ ကျွန်တော်တို့သိထားရတယ်။ ဒီကိုယ်စားလှယ်တွေအား လုံးဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိနေတယ်။ တရုတ်နိုင်ငံကို လာမယ့် နှစ်ပေါင်း နှစ်တွေအတောအတွင်းမှာ ဒီဟာထက်ပိုတဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆွဲခေါ်နိုင်မယ်။ တကယ် အလုပ်လုပ်တဲ့သူတွေဆိုတာကို ကျွန်တော်ကောင်းကောင်းကြီး ခံစားမိနေတယ်။ ဒါက အစည်းအဝေးနှင့်ပတ်သက်တဲ့အမြင်ပေါ့လေ။ နောက် တရုတ်ပြည်ကို ဘယ်လိုခံစားရလဲ ဆိုတော့  ကျွန်တော် မတ်လ(၁၁)ရက်နေ့ကဆို မြေအောက်ရထား ကျွန်တော်သွားစီး တယ်။ တရုတ်နိုင်ငံက မြေအောက်ရထားစီစဉ်ပေးထားတဲ့ပုံစံက တရုတ်ပြည်မှာမနေတဲ့ နိုင်ငံခြားတစ်ယောက်အတွက်တောင်မှ ဒါအဆင်ပြေတယ်။ နံပါတ်တစ် တစ်ချက်က မြေအောက်ရထားတွေကို ကြားထဲမှာ အဆက်မပြတ်အောင် အချိန်မှန်မှန်စီစဉ်ပေးထား တယ်။ နောက်တော့ ရောက်တဲ့ဘူတာနဲ့ နောက်ထက်ထွက်ခွါမယ့်ဘူတာကို တရုတ်လို အင်္ဂလိပ်လို နှစ်ဘာသာစီစဉ်ပေးထားတယ်။ ဘူတာတိုင်းမှာ Hot-line နံပါတ်တွေထည့်ပေး ထားတယ်။ မြေပုံတွေထည့်ပေးထားတာတွေ့ရတယ်။ ဒီတော့ မြေအောက်ရထားမှ မဟုတ် ဘူး၊ ကားနှင့်သွားရတဲ့လမ်းပန်းဆက်သွယ်ရေးမှာပါ အဆင်ပြေတယ်။ နောက်တစ်ခုကကျ တော့ တရုတ်နိုင်ငံက ခေတ်ရှေ့ရောက်နေပြီဆိုတယ်ပေါ့လေ။ ကျွန်တော်တို့လို အိမ်နီး ချင်းနိုင်ငံတွေထက် အများကြီးရှေ့ရောက်နေပြီလို့ အပ်ကျမတ်ကျတွေ့လိုက်ရတဲ့ တစ် ချက်က E-paymentစနစ်အသုံးပြုပြီး ငွေသားကိုင်တွယ်သုံးစွဲမှု တအားကြီးနည်းသွားပြီ။ တရုတ်နိုင်ငံက ဒါနဲ့ပတ်သက်ပြီး အများကြီးရှေ့ရောက်နေပြီ။ တရုတ်နိုင်ငံမှာ ဒါက ဘာမှ မထူးဆန်းတော့ဘူး နိစ္စဓူဝလိုမျိုးဖြစ်သွားပြီ။ စက်ဘီးငှါးစီးတာကအစ တရုတ်ပြည်သူတွေ ဟာ ဖုန်းတွေကိုယ်စီနဲ့ စကင်မ် ရိုက်ပြီး ငှါးစီးနိုင်တာကြောင့် မလိုအပ်တဲ့ ငွေအကြွေ အခက် အခဲတွေ အဲလိုပြဿနာတွေအပြင် စီးပွားရေးအဆောက်အအုံတစ်ခုလုံးပေါ်မှာ တော်တော် ကြီးမားတဲ့ သက်ရောက်မှုတစ်ခုရှိလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။ အဲဒါကိုလည်း ကျွန်တော်အရမ်းသဘောကျပါတယ်။  

မေး--ဟုတ်ကဲ့ပါ-- ကိုအောင်သောင်းဦးအနေနဲ့ လက်ရှိတရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု အခြေအနေအရပ်ရပ်ကို ကြည့်ပြီးတော့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအချက်တွေကို အတု ယူလုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။

အောင်သောင်းဦး--- ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံကနေ ယူစရာတွေကတော့ အများ ကြီးပဲ။ အဓိကကတော့ တရုတ်နိုင်ငံရဲ့ စည်းစနစ်ကျနတာ၊ စည်းကမ်းရှိတာပေါ့လေ။ စည်း ကမ်းဆိုတာကို တရုတ်ပြည်သူတွေအနေနဲ့ တရုတ်ရိုးရာအစဉ်အလာတစ်ခုလိုမျိုးလေ။ ဟိုလိုမျိုး လိုက်နာရမယ် မလိုက်နာရင် ဒဏ်ကြေးက ဒီလောက်ဆိုတာမျိုးမဟုတ်တော့ဘူး။ လမ်းကူးတာကအစ လမ်းကူးသူနှင့်ကားရဲ့ကြားထဲမှာ ကားသမားကလည်း သူ့စည်းနှင့် သူ့ကမ်း၊ လမ်းကူးသူကလည်း သူ့စည်းနှင့်သူ့ကမ်းဆိုတော့ ဒါဟာ ယာဉ်မတော်တဆမှု ဆိုတာ စည်းကမ်းဆိုတဲ့နောက်မှာ အဆင်ပြေသွားတယ်။ တရုတ်နိုင်ငံက ဒါကို အသွေး အသားထဲမှာ စီးနေတဲ့ လူ့အဖွဲ့အစည်းကြီးဖြစ်သွားတာ။ အဲဒါကတော့ ကျွန်တော်တို့ မဖြစ်မနေ အတုယူသင့်တယ်လို့ ထင်ပါတယ်။

မေး--ဟုတ်ကဲ့ပါ။ အခုလို CRIက မေးမြန်းသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့တဲ့  Opinion Leaders Mediaမှ ဘာသာပြန်သတင်းထောက် ကိုအောင်သောင်းဦးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

အောင်အောင်ဦး--ဟုတ်ကဲ့--ကျွန်တော်ကလည်း CRI အသံလွှင့်ဌာနကို ကျေးဇူးတင်ပါ တယ်။

   Webradio