• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာပြည်ပြန်ပြီး တရုတ် NPCနှင့် CPPCC အစည်းအဝေး၏ အနှစ်သာရကို မိတ်ဆက် ဖြန့်ချိမည်ဟု လေ့လာသူ အဖြစ် CPPCC အစည်းအဝေးသို့ တက်ရောက်သူ ဦးချောင်းဆို

(GMT+08:00) 2018-03-14 14:17:35

    ၁၃ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပထမ အကြိမ် အစည်းအဝေးသို့ လေ့လာသူ အဖြစ် တက်ရောက်နေသော မြန်မာနိုင်ငံ တရုတ် ကုန်သည်များ အသင်းချုပ် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဦးချောင်းက ယခုလ ၁၃ရက်နေ့က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာ ယခုနှစ် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အစည်းအဝေးနှင့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် အစည်းအဝေးသည် အောင်မြင်စွာ ကျင်းပနေကြောင်း၊ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိ ပြီးလျှင် ယင်းအစည်းအဝေး ၂ခုမှ အနှစ်သာရများကို မိတ်ဆက်ဖြန့်ချိပေးကာ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကိုလည်း ကောင်းမွန်စွာ မိတ်ဆက်ဖြန့်ချိပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio