• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွတ်လပ်သော ကုန်သွယ်ရေးဇုန် အပေါ် တရုတ် NPCနှင့် CPPCC အစည်းအဝေး အာရုံစိုက်

(GMT+08:00) 2018-03-14 14:16:28

ယခုနှစ် တရုတ် အစိုးရ လုပ်ငန်း အစီရင်ခံစာတွင် လွတ်လပ်သော ကုန်သွယ်ရေးဇုန် အတွေ့အကြုံများကို ဘက်စုံ နည်းယူ ကျင့်သုံးဆောင်ရွက်ပြီး လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်း တည်ဆောက်ရေးကို စူးစမ်းလေ့လာကာ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်မှုကို တိုးချဲ့ကျင့်သုံးမည် ဖြစ်ကြောင်း ဖော်ပြသည်ဟု စီအာအိုင်မှ သတင်းအရ သိရသည်။

ယခုရက်များတွင် ကျင်းပနေသော ၁၃ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးနှင့် ၁၃ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပထမအကြိမ် အစည်းအဝေးတွင် ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် များစွာက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာ လွတ်လပ်သော ကုန်သွယ်ရေး တည်ဆောက် ရေးကို ဇောက်ချ တွန်းအားပေးပြီး လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်းကို တည်ဆောက်နေသည်နှင့် အမျှ တရုတ်ပြည်တွင် ဘက်စုံ တံခါးဖွင့်မှု ကျင့်သုံးနေသော အခြေအနေသစ် အရှိန်မြင့် ဖြစ်တည်လာကြောင်း ပြောကြားသည်။

တရုတ်ပြည်တွင်း ပထမဆုံး လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဖြစ်သည့် ရှန်ဟိုင်း လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကို ၂၀၁၃ခုနှစ် စက်တင်ဘာလက တည်ဆောက်ပြီး စတင် တရားဝင် ဆောင်ရွက်ခဲ့သည့် နောက်ပိုင်းတွင် ရှန်ဟိုင်း လွတ်လပ်သော ကုန်သွယ်ရေးဇုန်၏ စနစ် ဆန်းသစ်တီထွင်မှု ဆိုင်ရာ အောင်မြင်မှု ရလဒ် ၁၀၀ကျော်ကို တစ်မြို့လုံးနှင့် တစ်ပြည်လုံးတွင် ဖြန့်ချိကျင့်သုံးလာကြောင်း သိရသည်။

 

   Webradio