• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခေတ်ကာလသစ်တွင် တရုတ်-အာဆီယံ ဆက်ဆံမှုကို လက်တွဲ တည်ဆောက်ကြမည်ဟု အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီးဆို

(GMT+08:00) 2018-03-14 14:15:36

အာဆီယံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟွမ်ရှီလျန်သည် ဖိတ်ကြားချက်အရ ဂျကာတာမြို့ရှိ အင်ဒိုနီးရှား မဟာဗျူဟာနှင့် နိုင်ငံတကာ ရေးရာ သုတေသနစင်တာ တွင် "ခေတ်ကာလသစ်၌ တရုတ်-အာဆီယံ ဆက်ဆံမှုကို လက်တွဲ တည်ဆောက်ရန်" ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့မိန့်ခွန်းပြောကြားရာတွင် ဟွမ်ရှီလျန်က ခေတ်ကာလသစ်၌ တရုတ်ပြည် အနေနှင့် အာဆီယံကို အိမ်နီးချင်းနိုင်ငံခြားရေး လုပ်ငန်း၏ ဦးစားပေးချက် အဖြစ် တလျှောက်လုံးထားမည် ဖြစ်ကြောင်း၊ အာဆီယံနှင့် အတူ အဆင့်ပိုမိုမြင့်မားသော မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုနှင့် ပိုမိုနွေးထွေးသော ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး အတွက် လက်တွဲကြိုးပမ်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးကိုရော၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးတွင် အာဆီယံ၏ ဗဟိုကျသော အဆင့်နေရာကိုရော၊ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင် အာဆီယံက ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်ပါ  ခိုင်မာပြတ်သားစွာ အားပေးထောက်ခံမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio