• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းနှင့် နိုင်ငံတော်ကောင်စီလုပ်ငန်းဌာနများပြုပြင် ပြောင်းလဲရေးအဆိုပြုချက်မူကြမ်းများ တရုတ်ပြည်မှ
အတည်ပြုပြဋ္ဌာန်းခြင်းအပေါ် ဗီယက်နမ် မီဒီယာက တန်ဖိုးထားချီးကျူး

(GMT+08:00) 2018-03-14 10:21:38

      ယခုရက်များအတွင်းကျင်းပလျက်ရှိသည့် ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေးကို ဗီယက်နမ်နိုင်ငံ အဓိကမီဒီယာများက အလွန်အာရုံစိုက်ကြပြီး၊ တရုတ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမူကြမ်းနှင့် နိုင်ငံတော် ကောင်စီလုပ်ငန်းဌာနများ ပြုပြင်ပြောင်းလဲရေးအဆိုပြုချက်မူကြမ်းများကို အတည်ပြု ပြဋ္ဌာန်းခြင်းနှင့် စပ်လျဉ်း၍ တန်ဖိုးထားချီးကျူးခဲ့ကြကြောင်း စီအာအိုင်က ဖော်ပြသည်။

 ယခုလ ၁၂ ရက်နေ့က ဗီယက်နမ်  Nhan Dan သတင်းစာ ဝက်ဆိုက်တွင် (တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း အတည်ပြုပြဋ္ဌာန်းခြင်း)ဟူ၍ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်၌ ယခုအကြိမ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်းသည်၊ အနက်အဓိပ္ပါယ်ရှိပြီး၊ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံမှ ချတ်မှတ်ခဲ့သည့် အရေးကြီးသဘောတရား နှင့် မူဝါဒများကို ပိုမိုကောင်းမွန်စွာ လက်တွေ့ကျ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရေးသား ဖော်ပြသည်။

   Webradio