• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် သတင်းစာရှင်းလင်းပွဲ နှစ်ကြိမ် ပြုလုပ်

(GMT+08:00) 2018-03-13 09:09:05

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး၏ သတင်းစာ ရှင်းလင်းပွဲ နှစ်ကြိမ်ကို ယခုလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များသည် ပြည်သူ့ကွန်ဂရက်၏ ဥပဒေပြုရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ပတ်ဝန်းကျင် ညစ်ညမ်းမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပြုရေး လုပ်ငန်းနှင့် ပတ်သက်ပြီး တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ပတ်ဝန်းကျင်နှင့် သယံဇာတအရင်းအမြစ် ထိန်းသိမ်းကာကွယ်ရေး ကော်မတီဝင် လျူဆိုင်ရှာက၊ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေး နယ်ပယ်တွင် ၁၂ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီသည် ပြည်သူလူထု၏ အရင်းခံ အကျိုးစီးပွါးကို ထိန်းသိမ်းကာကွယ်ရန်ကို ဥပဒေပြုရေး ရည်မှန်းချက်အဖြစ် ထားပြီး ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်ပြည်၏ လက်တွေ့အခြေအနေအရ လေထုနှင့် ရေ ညစ်ညမ်းမှု ပြဿနာကို အဓိကထား ပြုပြင် ဖြေရှင်းခဲ့ကြောင်း ပြောကြားပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio