• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တပ်မတော်နှင့် ရဲတပ် ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေး တက်ရောက်

(GMT+08:00) 2018-03-13 09:01:44

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ ရက်နေ့ နံနက်ပိုင်းက ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး၏ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့် ရဲတပ် ကိုယ်စားလှယ်အဖွဲ့ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တပ်မတော်နှင့် ပြည်သူများ ပေါင်းစပ် ဖွံ့ဖြိုးရေး မဟာဗျူဟာ နက်ရှိုင်းစွာ တိုးတက်ရေးကို ထိထိရောက်ရောက် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ တရုတ် အိပ်မက်နှင့် တပ်မတော် အင်အား တောင့်တင်းရေး အိပ်မက် ဖေါ်ဆောင်ရန် အတွက် အားကောင်းသော စွမ်းအားနှင့် မဟာဗျူဟာမြောက် အထောက်အကူကို ပေးရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio