|
||||||||
|
|||||||||||||
တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ ပတ်ဝန်းကျင်နှင့် သဘာဝ သယံဇာတ ထိန်းသိမ်းကာကွယ်ရေး ကော်မရှင် အဖွဲ့ဝင် လွီဆိုင်ရှာက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ဥပဒေပြုခြင်းကို တွန်းအားပေးရေးတွင် ၁၂ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီသည် ပြည်သူများ၏ အခြေခံ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်ထားကြောင်း၊ လတရုတ် ဝိသေသ ထူးခြားချက်နှင့် အညီ လေထုနှင့် ရေညစ်ညမ်းမှုစသည့် ပြဿနာများကို အဓိကထား ဖြေရှင်းရန် အလေးထားကြောင်း ယခုလ ၁၂ရက်နေ့က ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။
|