• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှား ကြည်ဖေ-အခွန်ကင်းလွှတ်ခွင့် ဆိပ်ကမ်း၏ စက်မှုဇုန် ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်း ပြီးစီး

(GMT+08:00) 2018-03-12 15:48:42

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုသည် ယခုလ ၉ရက်နေ့က အရှေ့ဂျာဝါပြည်နယ် စူရာဘာယာမြို့ ကျင်ရှီခရိုင်သို့ ရောက်ရှိပြီး နိုင်ငံတော် မဟာဗျူဟာမြောက် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းဖြစ်သည့် ကြည်ဖေ-အခွန်ကင်းလွှတ်ခွင့် ဆိပ်ကမ်း၏ စက်မှုဇုန် ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်း ပြီးစီးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

အင်ဒိုနီးရှား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ စက်မှုလုပ်ငန်း ဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ အရှေ့ ဂျာဝါပြည်နယ် အုပ်ချုပ်ရေးမှူး စူကာနို  အပါအဝင် အင်ဒိုနီးရှား အဆင့်မြင့် အရာရှိ ဆယ်ဦးကျော်နှင့် စူရာဘာယာ ဆိုင်ရာ တရုတ် ကောင်စစ်ဝန်ချုပ် ကုကျင်ချီ၊ အင်ဒိုနီးရှား ဆိုင်ရာ တရုတ် ကုန်သွယ်မှု တိုးမြှင့်ရေး အသင်း ကိုယ်စားလှယ်ချုပ် ချင်မင်စသည့် တရုတ် ဧည့်သည်တော်များသည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၎င်းလုပ်ငန်းရပ်ကို အင်ဒိုနီးရှား AKRကုမ္ပဏီနှင့် နိုင်ငံတော်ပိုင် အမှတ် ၃ ဆိပ်ကမ်းရေးရာ ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်ပြီး တရုတ် လမ်းပန်းဆက်သွယ်ရေး တည်ဆောက်ခြင်း အစုရှယ်ယာ ကုမ္ပဏီ လိမိတက် အပါအဝင် တရုတ် ကုမ္ပဏီများ ပါဝင်ဆောင်ရွက် ကြခြင်း ဖြစ်ကြောင်း၊ ကြည်ဖေ-အခွန်ကင်းလွှတ်ခွင့် ဆိပ်ကမ်း၏ စက်မှုဇုန်၏ စတုရန်း ဧရိယာ အကျယ်အဝန်းမှာ ဟက်တာ ၃ထောင်ကျော် ရှိရန် လျာထားကြောင်း၊ ယင်းသည် အင်ဒိုနီးရှားတွင် ပထမဆုံး စက်မှုဇုန်၊ ဆိပ်ကမ်းနှင့် လူနေရပ်ကွက်ကို တစ်သားတည်းဖြစ်စေသော အထွေထွေ စက်မှုဇုန် ဖြစ်ပြီး အင်ဒိုနီးရှား အရှေ့ပိုင်းတွင် အခွန်ကင်းလွှတ်ခွင့်ဇုန် ထားရှိသည့် တစ်ခုတည်းသော အကြီးစား အထွေထွေ စက်မှုဇုန်လည်း ဖြစ်ကြောင်း သိရသည်။

   Webradio