|
||||||||
|
|||||||||||||
၁၃ကြိမ်မြောက်တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ပထမအကြိမ်အစည်းအဝေးကို ဘေကျင်း၌ ကျင်းပလျက်ရှိပြီး ပါတီအသီးသီးတို့သည် နိုင်ငံရေးတွင် တက်ကြွစွာ အတိုင်ပင်ခံဆောင်ရွက်ကြပါသည်။ ကျိကုန်ပါတီဗဟိုကော်မတီသည် Belt and Road နောက်ခံတွင် တရုတ်-အာဆီယံရောဂါကြိုတင်ကာကွယ်ရေးစနစ်တည်ထောင်ရေး အဆိုပြုချက်ကို တင်ပြခဲ့သည်။ ကျိကုန်ပါတီ နိုင်ငံရေးအတိုင်ပင်ခံဌာနမှ ဒုဥက္ကဋ္ဌ ဝမ်ချီဖြင်က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ယင်းအဆိုပြုချက်တွင် နိုင်ငံအသီးသီး ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန် နိုင်ငံတော်အဆင့် သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစနစ်ကို လျင်မြန်စွာ တည်ထောင်ရန် အကြံပြုထား သည်ဟုပြောကြား ကြောင်း စီအာအိုင်သတင်းအရသိရသည်။
|