• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း အတည်ပြုခြင်းသည် တရုတ်ပြည် ဥပဒေ စိုးမိုးရေးကို တွန်းအားပေးမည်

(GMT+08:00) 2018-03-12 09:05:41

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး၏ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ ၁၁ ရက်နေ့ ညနေပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းကို မဲ အပြတ်အသတ်ဖြင့် အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

အစည်းအဝေး အပြီးတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ပြည်လုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ တရားဥပဒေလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ရှင်ချွင်ယော့က၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းသည် တရုတ် နိုင်ငံရေးတွင် အရေးကြီး အကြောင်းတစ်ရပ် ဖြစ်ကြောင်း၊ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် လုပ်ငန်း ဆောင်ရွက်စဉ်၌ တရုတ်ပြည် ဥပဒေ စိုးမိုးရေး နယ်ပယ်၌ ရရှိသော အရေးကြီး အောင်ကျိုးရလဒ် ဖြစ်ကြောင်း၊ ယင်းသည် တရုတ်ပြည်၏ ဥပဒေ စိုးမိုးရေး လုပ်ငန်းကို ထိရောက်စွာ တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio