• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ချုံချင့်ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်ပါဝင်

(GMT+08:00) 2018-03-11 15:21:47

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁၀ ရက်နေ့က ချုံချင့်ကိုယ်စားလှယ် အဖွဲ့၏ စိစစ်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ရာ၌ အကျင့်လေ့ ရိုးသားသန့်စင်သောနိုင်ငံရေး ပတ်ဝန်းကျင် ဖြစ်တည်စေရေးကို အလေးထား ပြောကြားခဲ့ကြောင်း စီအာအိုင်က ဖော်ပြ သည်။

ထိုနေ့က၊ ကိုယ်စားလှယ် ၈ ဦးတို့သည်၊ အရည်အသွေးကောင်းမွန်စွာ ဖွံ့ဖြိုးရေး၊ ဥပဒေ တည်ဆောက်ရေးတွင် ပြည်သူ့ကွန်ဂရက်မှ အခကဏ္ဍပါဝင်ရေးနှင့် ယန်စီမြစ်ရပ်ဝန်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ ထင်မြင်ယူဆချက် များဖော်ပြခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio