• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Roadသည် တရုတ်နှင့် အိမ်နီးချင်း နိုင်ငံများ လက်တွဲဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒကို ပြသဟု မြန်မာ လွှတ်တော်အမတ်ဟောင်းဆို

(GMT+08:00) 2018-03-10 14:01:16

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က ယခုလ ၅ရက်နေ့က ပီကင်းတွင် ၁၃ကြိမ်မြောက် တရုတ် ပြည်လုံး ဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပထမအကြိမ် အစည်းအဝေး၌ အစိုးရ လုပ်ငန်း အစီရင်ခံစာကို အစီရင်ခံခဲ့ရာ မကြာခင် နှစ်များက Belt and Road တည်ဆောက်ရေးတွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ တရုတ်ပြည် အနေနှင့် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမည် ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

မြန်မာ လွှတ်တော်အမတ်ဟောင်း၊ စာရေးဆရာနှင့် မီဒီယာသမား ဦးရဲထွန်းက ယခုလ ၈ရက်နေ့က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် Belt and Roadအဆိုပြုချက် သည် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးများတွင် တရုတ်ပြည်မှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး အိမ်နီးချင်း နိုင်ငံများနှင့် အတူဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွဲ ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒကို ပြသနေကြောင်း ပြောကြားသည်။

 

   Webradio