|
||||||||
|
|||||||||||||
ယခုလ ၉ရက်နေ့က တရုတ် ပြည်သူ့တရားရုံးချုပ်နှင့် ပြည်သူ့ရှေ့နေရုံးချုပ်၏ လုပ်ငန်း အစီရင်ခံစာများကို ပီကင်းတွင် ကျင်းပလျက်ရှိသော ၁၃ကြိမ်မြောက် တရုတ် ပြည်လုံး ဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးထံသို့ စိစစ်ရန် အသီးသီး တင်သွင်းခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
၎င်းအစီရင်ခံစာ ၂ခုတွင် လွန်ခဲ့သည့် ၅နှစ် အတွင်း ပြည်သူ့တရားရုံးချုပ်နှင့် ပြည်သူ့ ရှေ့နေရုံးချုပ်၏ လုပ်ငန်းတာဝန် ဆောင်ရွက်ခြင်းများကို ပေါင်းရုံးသုံးသပ်ပြီး ယခုနှစ်တွင် ပြည်သူ့တရားရုံးချုပ်နှင့် ပြည်သူ့ ရှေ့နေရုံးချုပ်မှ တရားရေး ပြုပြင်ပြောင်းလဲမှုတွင် ပြုလုပ်ရန် ဆောင်ရွက်ချက်များကို ထုတ်ဖော်ခဲ့ကြောင်း၊ ပြည်သူများအား အမှုတိုင်း စစ်ဆေးစီရင်ရာတွင် တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ခံစားစေရန် ရည်ရွယ်ထား ကြောင်း သိရသည်။
|