• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာဦးရဲထွန်း(သီပေါ)နှင့်တွေ့ဆုံမေးမြန်း

(GMT+08:00) 2018-03-09 16:08:54

 

တရုတ်နိုင်ငံ ပီကင်းမြို့တွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးနှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ အစည်းအဝေးကို ကျင်းပလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၅)ရက်နေ့ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေး ဖွင့်ပွဲနေ့က နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်က အစိုးရရဲ့ ပြီးခဲ့တဲ့ (၅)နှစ်တာကာလ ဆောင်ရွက်ခဲ့မှုများနှင့် လာမယ့် ၂၀၁၈ခုနှစ်အတွက် ဆောင်ရွက်သွားမယ့်လုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့ပါတယ်။ အခုလို တရုတ်ပြည်လုံးဆိုင် ရာပြည်သူ့ကွန်ဂရက်အစည်းအဝေးနှင့် အစိုးရရဲ့အစီရင်ခံစာနှင့်ပတ်သက်ပြီး မြန်မာ့နိုင်ငံ ရေးလေ့လာသုံးသပ်သူ ဆရာဦးရဲထွန်း(သီပေါ)ရဲ့ အမြင်တွေကို စီအာအိုင်(CRI)က ဆက် သွယ်မေးမြန်းထားပါတယ်။

 

မေး---မင်္ဂလာပါခင်ဗျ။

ဦးရဲထွန်း----မင်္ဂလာပါ။

မေး---ဟုတ်ကဲ့ပါ ဦးရဲရေ--အခုဆိုရင် တရုတ်နိုင်ငံ ပီကင်းမြို့မှာ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေးနှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင် ရာကော်မတီအစည်းအဝေးတွေကို ကျင်းပနေပါတယ်ခင်ဗျ။ အဲဒီအစည်းအဝေးတွေ ကျင်းပ နေတဲ့ အပေါ်မှာ ဦးရဲရဲ့ အမြင်သုံးသပ်ချက်ကလေး သိချင်ပါတယ်ခင်ဗျ။

ဦးရဲထွန်း--- အင်း   ဒီပြည်လုံးဆိုင်ရာ ကွန်ဂရက်ကတော့ (၅)နှစ်တစ်ကြိမ် ကျင်းပတာ ပေါ့လေ။ ဒီဟာကတော့ အဓိကအားဖြင့်ကတော့ တိုင်းပြည်ကို အုပ်ချူပ်မယ့် အစိုးရအဖွဲ့ ၀န်ကြီးချုပ်တို့ ဘာတို့ သမ္မတတို့တင်မြှောက်တဲ့ ကွန်ဂရက်ဖြစ်တာပေါ့။ အဲလို တင် မြောက်ပြီးတဲ့အခါကတော့ အစိုးရရဲ့ခေါင်းဆောင်၊ ၀န်ကြီးချုပ်ကလည်း ပြီးခဲ့တဲ့ (၅)နှစ်တာ ကာလအတွင်းက လုပ်ငန်းတွေနှင့်ပတ်သက်ပြီးတော့ အစီရင်ခံတာရှိမယ်။ နောက် (၅)နှစ် အတွင်းမှာ သူတို့လုပ်ကိုင်ဆောင်ရွက်မယ့် အစီအစဉ်တွေ တင်ပြတာ၊ အတည်ပြုချက် ရယူတာရှိမယ်ပေါ့နော်။ အဲလိုဟာဖြစ်ပြီးတဲ့အခါကျတော့ နောက်ဆုံး ကွန်ဂရက်ကတော့ ဒီအစိုးရသစ်ကို ပြန်ပြီးတော့ ရွေးချယ်တာတွေလုပ်သွားမှာပေါ့လေ။

မေး--- ဟုတ်ကဲ့ပါဦးရဲ--ပြည်သူ့ကွန်ဂရက်စဖွင့်တဲ့ ပြီးခဲ့တဲ့ မတ်လ(၅)ရက်နေ့မှာလည်း ၀န်ကြီးချုပ်လီခေ့ချန်က ပြီးခဲ့တဲ့(၅)နှစ်တာ လုပ်ဆောင်နိုင်ခဲ့တာတွေနှင့်ပတ်သက်ပြီးတော့ နောက်တစ်ခါ ၂၀၁၈မှာ လုပ်ဆောင်သွားမယ့် လုပ်ဆောင်ချက်တွေနှင့် ပတ်သက်ပြီးတော့ အစိုးရရဲ့အစီရင်ခံစာကို တင်ပြခဲ့တယ်ပေါ့။ အဲတော့ ပြီးခဲ့တဲ့ (၅)နှစ်တာကာလ အတွင်းမှာ တရုတ်အစိုးရအနေနဲ့ လုပ်ဆောင်နိုင်ခဲ့တဲ့ အခြေအနေပေါ်မှာလည်း ဦးရဲရဲ့ အမြင်လေး သုံးသပ်ပေးပါဦးခင်ဗျ။

ဦးရဲထွန်း--- ပြီးခဲ့တဲ့ (၅)နှစ်တာအောင်မြင်မှုတွေပေါ့။ တရုတ်အစိုးရရဲ့အောင်မြင်မှုတွေ၊ တင်ပြချက်တွေကို ကြည့်ရတာတော့ တော်တော်လေး အားရဖို့ကောင်းပါတယ်။ ဒီ(၅)နှစ် အတွင်းမှာဆိုလို့ရှိရင် နှစ်စဉ် နှစ်စဉ် ဂျီဒီပီ တိုးတက်မှုက (၇.၈)ရာခိုင်နှုန်း လောက်ရှိပါ တယ်။ တစ်ကမ္ဘာလုံးစီးပွားရေးအတိုင်းအတာအရဆိုလို့ရှိရင်တော့ သူရဲ့ပါဝင်မှုပေါ့နော်။ စီးပွားရေးကဏ္ဍမှာ တရုတ်ပြည်ရဲ့ပါဝင်မှုက (၃၀)ရာခိုင်နှုန်းလောက်တောင်ရှိလာတယ်။ အဲဒီအတောအတွင်းမှာ အလုပ်အကိုင်သစ်တွေက (၆၆)သန်းကျော်လောက် ဖော်ဆောင် နိုင်ခဲ့ပြီးတော့ ဆင်းရဲသူလူဦးရေကလည်း အရေအတွက်အားဖြင့် (၆၈)သန်းလောက် လျော့ ကျသွားတယ်ပေါ့နော်။ နောက်တစ်ခါ စားသုံးမှုနှုန်းတွေ တိုးတက်လာတယ်။ ၀န်ဆောင်မှု လုပ်ငန်းအချိုးအစားကလည်း မြင့်တက်လာတယ်။ နောက်တစ်ခါ မြို့ပြတည်ဆောက်မှု လုပ်ငန်းတွေ ရာခိုင်နှုန်းတိုးတက်လာတယ်။ နောက်တစ်ခါ သုတေသနနှင့် ရင်းနှီးမြှပ်နှံမှု ကိစ္စတွေမှာဆိုလို့ရှိရင်လည်း နှစ်စဉ်တိုးတက်မှုနှုန်းက (၁၁)ရာခိုင်နှုန်းလောက်တောင်ရှိပြီး တော့ ကမ္ဘာလုံးနှင့်ပြောမယ်ဆိုရင်တော့ ဒုတိယနေရာလောက်ရောက်လာတယ်ပေါ့။ အဲ တော့ ဒီပြီးခဲ့တဲ့ (၅)နှစ်အတွင်းမှာ တော်တော်လေးကို သူတို့အောင်မြင်မှုတွေရပါတယ်။ အဲတာတွေကို အသေးစိတ်အချက်အလက်တွေနှင့် တင်ပြထားပြီးတဲ့အခါကျတော့ နောက် (၅)နှစ်အတွက် အဲလာမယ့်၂၀၁၈အတွက် တင်ပြထားတာတွေကလည်း ကောင်းပါတယ်။ အထူးသဖြင့်တော့ အပြောင်းအလဲကတော့ ဘာလဲဆိုလို့ရှိရင် လာမယ့်နှစ်တွေမှာဆိုလို့ရှိ ရင် ရင်းနှီးမြှပ်နှံမှုတွေကို ကျနော်တို့ အသေးစားနှင့် ဆင်းရဲတဲ့လယ်ယာစိုက်ပျိုးရေးလုပ် ငန်းတွေ၊ ဆင်းရဲတဲ့ဒေသတွေမှာ ပိုမိုပြီးတော့ ရင်းနှီးမြှပ်နှံဖို့ လမ်းညွှန်မယ်။ နောက် တစ်ခါ ဂျီဒီပီက(၆.၅)ရာခိုင်နှုန်းလောက်တိုးတက်လာဖို့ ရည်မှန်းချက်ထားတယ်။ နောက် ငွေကြေး တည်ငြိမ်မှုကို တရုတ်အစိုးရအနေနဲ့ အစွမ်းကုန်ကြိုးစားမယ်။ နောက်စီးပွားရေးဆိုင်ရာ ဖွဲ့စည်းပုံဆိုင်ရာ တွေ ပြုပြင်ပြောင်းလဲရေးတွေ တွန်းအားပေးမယ်။ စသဖြင့်ပေါ့လေ။ ဒီထဲ မှာထူးထူးခြားခြားကတော့ ကျနော်တို့သဘာဝပတ်ဝန်းကျင်ကိုညစ်ညမ်းစေတဲ့ ကျောက်မီး သွေးသုံးတဲ့ လျှစ်စစ်စက်ရုံတွေ၊ အဲဒီမှာလည်း စံချိန်မမီတဲ့ ကီလိုဝပ် (၃)သိန်းအောက်ရှိတဲ့ ကျောက်မီး သွေးစက်ရုံတွေကို ပိတ်သွားမယ်လို့ပါတယ်ဗျ။ ထပ်ပြီးခွင့်မပြုတော့ဘူးပေါ့ နော်။ အဲတော့ ဒါတွေက တော်တော်လေးကောင်းပါတယ်။ တရုတ်အစိုးရရဲ့ ဒီရည်ရွယ် ချက်တွေလည်းမဆိုးပါဘူး။ တရုတ်ပြည်သူလူထုရဲ့လူနေမှုဘ၀ ပိုပြီးတော့သာယာကောင်း မွန်လာအောင် ရည်ရွယ်ထားတယ်ဆိုတာကိုလည်း တွေ့ရပါတယ်ဗျ။

မေး---ဟုတ်ကဲ့ပါခင်ဗျ-- အဲဒီ (၅)ရက်နေ့ကပေါ့နော်။ ၀န်ကြီးချုပ် လီခေ့ချန်တင်ပြခဲ့တဲ့ (၂၀၁၈)ခုနှစ် လုပ်ဆောင်သွားမယ့် အစိုးရအစီရင်ခံစာထဲမှာဆိုလို့ရှိရင်လည်း ကျေးလက် ဆင်းရဲသူဦးရေကို (၁၀)သန်းကျော်အထိလျော့နည်းလာအောင် ဆောင်ရွက်မယ်ဆိုပြီး တော့ ပြောထားပါတယ်။ နောက်တစ်ချက်က ကျေးလက်ဒေသရှင်သန်ရေးမဟာဗျူဟာကို လည်း အစွမ်းကုန်ဖော်ဆောင်သွားမယ်ဆိုပြီးမှ သူ့ရဲ့အစီရင်ခံစာထဲမှာ ထည့်ထားပါတယ် ခင်ဗျ။ အဲဒီတော့ အဲဒီအချက်တွေနှင့် ပတ်သက်ပြီးတော့ ဦးရဲ ဘယ်လိုမျိုးမြင်ပါလဲခင်ဗျ။

ဦးရဲထွန်း---မှန်ပါတယ်။တရုတ်ပြည်က ကျနော်တို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့ အခါမှာ ပထမဦးဆုံးအနေနဲ့ကတော့ ဒီကမ္ဘာနဲ့ချိတ်ဆက်ဖို့အတွက် ပိုပြီးတော့ လွယ်ကူ တဲ့ အရှေ့ဘက်ကမ်းရိုးတန်းဒေသတွေ၊ နောက်ပြီးတော့ သွားလာဆက်သွယ်ရေး အဆင် ပြေတဲ့ အရှေ့ဘက်ခြမ်း၊နောက် လူဦးရေထူထပ်တဲ့ဒေသတွေက အရင်စလုပ်ရတာကိုး။ လုပ်တဲ့အခါကျတော့ တရုတ်ပြည်က ဖွံ့ဖြိုးတိုးတက်လာတဲ့အခါမှာ နည်းနည်းဟန်ချက် မညီသလို ဖြစ်တာပေါ့ နော်။ အရှေ့ဘက်ဒေသတွေက သိပ်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ပြီး အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေက ဆင်းရဲတယ်။ ဆင်းရဲပြီးတော့ နည်းနည်းခေါင်း ပါးတာပေါ့။ အဲဒါကိုမျှတစေချင်တာပေါ့။ မျှတစေချင်တဲ့အတွက်ကြောင့်မို့ အခုလိုတိုးတက် လာတဲ့အခါမှာ ဒါကို balance ညီအောင် အဲဒီဘက်ကို ပိုပြီးတော့ အာရုံစိုက်ပြီးတော့ ရင်းနှီး မြှပ်နှံဖို့၊ အဲဒီဘက်တွေမှာ အလုပ်အကိုင် တွေဖော်ဆောင်ပေးဖို့ဆိုတာကို တရုတ်အစိုးရ အနေနဲ့ အလေးထားတာဖြစ်ပါတယ်။ အခုဆင်းရဲသူတွေ ထပ်ပြီးတော့လျော့ကျအောင် ကြိုးစားမယ်ဆိုရင် အဲဒီဒေသက ပြည်သူလူထုတွေပိုများများပါလာပြီးတော့ အဲဒီဒေသကို ဦးတည်ထားတယ်လို့ ကျနော်ထင်ပါတယ်။ 

မေး--ဟုတ်ကဲပါဗျ။ ဒီကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းထဲမှာဆိုလို့ရှိရင်ပေါ့နော်- ဒီကျေး လက်ကားလမ်း ကီိလိုမီတာ(၂)သိန်းကို အသစ်ဖောက်လုပ်သွားမယ်လို့ပြောထားပါတယ် ခင်ဗျ။ အဲဒီတော့ ဒီကျေးလက်ဒေသလမ်းတွေဖောက်လုပ်မှုဟာပေါ့နော် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ဘယ်လောက်အထိ အရေးပါသလဲပေါ့။ တရုတ်အစိုးရရဲ့ အစီရင်ခံစာ မှာလည်း ဒါကို အဓိကထားပြီးတော့ ဖော်ပြထားတာတွေ့ရတာကြောင့်ပေါ့နော် ဦးရဲ ဘယ် လိုမျိုး သုံးသပ်ချင်ပါသလဲခင်ဗျ။

ဦးရဲထွန်း---ဟုတ်ပါတယ်။ ဒီကျေးလက်ဒေသတွေက များသောအားဖြင့်တော့ လမ်းပန်း ဆက်သွယ်ရေးခက်ခဲလို့ မြို့ပြနှင့် ဈေးကွက်နှင့် ချိတ်ဆက်ဖို့အတွက် အခက်အခဲရှိလို့ ဆင်းရဲကြတာပေါ့နော်။ ဆင်းရဲကြတာ၊ ထုတ်လုပ်ရေးမတိုးတက်တာများတာကိုး။ အဲတော့ အဲလိုဖြစ်တဲ့အတွက်ကြောင့်မို့ အဲဒီဘက်မှာ ကားလမ်းတွေကီလိုမီတာ(၂)သိန်းလောက် ထပ်ပြီးဖောက်လုပ်မယ်ဆိုတာအပြင် ရထားလမ်းကလည်း နောက်ထပ် ယွမ်(၇၃၂)ဘီလီယံ ကျော်လောက်ထပ်ပြီးတော့မြှပ်နှံဖို့ရှိတယ်။ အဲဒါကဆိုလို့ရှိရင် ဒီအလယ်ပိုင်းနှင့် အနောက် ပိုင်းဒေသတွေကို ပိုပြီးတော့ ဦးစားပေးမယ်လို့ဆိုပါတယ်။ အဲဒီဒေသတွေကို ဦးစားပေး ခြင်းအားဖြင့် ဒီလမ်းတွေ ဖေါက်လာခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားတွေလည်း အဲဒီဘက် မှာရမှာဖြစ်တယ်။ နောက်သူတို့ရဲ့ထုတ်လုပ်တဲ့ပစ္စည်းတွေလည်းဈေးကွက်ကို အလွယ်တကူ ရောက်နိုင်မယ်။ နောက်ပညာသင်ကြားရေးဆိုလို့ရှိရင်လည်း ပိုပြီးတော့တိုး တက်ကောင်းမွန် လာမယ်ပေါ့နော်။ ဒါတွေက အခြေခံအားဖြင့်ဆိုလို့ရှိရင် ဖွံ့ဖြိုးတိုးတက်လာဖို့ လူနေမှု အဆင့်အတန်းမြင့်လာဖို့ဆိုတာက အမှန်ကတော့ လမ်းပန်းဆက်သွယ်ရေးက ပထမ လိုအပ်ချက်ပေါ့နော်။ ဒါကြောင့်မို့ ဒါကို အဓိကထားဖော်ဆောင်တယ်လို့ ကျနော်မြင်ပါတယ်။

မေး-- ဟုတ်ကဲ့ပါခင်ဗျ--နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်လို့ရှိရင်လည်း ဥက္ကဌ ရှီကျင့်ဖိန် စပြီးတော့မှ တင်ပြခဲ့တဲ့ Belt & Road ကိုလည်း ဆက်ပြီးတော့ဆောင်ရွက်မယ် ဆိုပြီး အစီရင်ခံစာထဲမှာ ထည့်ထားတာတွေ့ရပါတယ်ခင်ဗျ။ အဲတော့ ဒီ Belt & Road နှင့် ပတ်သက်ပြီးတော့ရော ဆရာ့အနေနဲ့ ဘယ်လိုမျိုးသုံးသပ်ချက်ပါသလဲခင်ဗျ။

ဦးရဲထွန်း---မှန်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စမှာကတော့ အရင်က ကျနော်တို့ပြောဆိုတဲ့စကားလုံးအရပြောဆိုရမယ်ဆိုရင် ဂလို ဘယ်လိုက်ဇေးရှင်းပေါ့နော်။ ဂလိုဘယ်လိုက်ဇေးရှင်းနှင့်လွတ်လပ်စွာကုန်သွယ်ရေးပေါ့။ အဲဒါကို တရုတ်အစိုးရက အဲဒီဟာကိုထပ်ပြီးတော့ သဘောတရားကို ဆက်လက်ထိန်းသိမ်း ပြီးတဲ့အခါကျတော့ Belt & Road ပေါ့။ ရပ်ဝန်းနှင့်လမ်းမအစီအစဉ်ဆိုတာကို အခိုင် အမာ တရုတ်အစိုးရက ရှေ့ဆောင်ရှေ့ရွက်ပြုပြီးတဲ့အခါ ဒါကိုဆက်ပြီးလုပ်သွားမယ်ဆိုတော့ နဂိုရှိပြီးသား ကျနော်တို့လွတ်လပ်စွာ ကုန်သွယ်ရေးတို့၊ ဂလိုဘယ်လိုက်ဇေးရှင်းတို့ ဆိုတာမှာ ဒီရပ်ဝန်းနှင့်လမ်းမအစီအစဉ်ပေါ့နော်။ Belt & Road အစီအစဉ်ပေါင်းလိုက်တဲ့ အခါကျတော့ ကျနော်ထင်တယ် ပိုပြီးတော့ ပြည့်စုံပြီးတော့ အသက်ဝင်လာတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီအတွက်ကို တရုတ်ပြည်က ရန်ပုံငွေထူထောင်ထားတဲ့ဘဏ်ပေါ့။ AIIB ဘဏ်ဆိုတာကလည်း တရုတ်ပြည်ကနေပြီးတော့ အဓိကငွေလုံးငွေရင်းစိုက်ထုတ်ပြီး တော့ တည်ထောင်ထားတာရှိတယ်။ အဲဒီဟာတွေကလည်း အခုစပြီးတော့ အလုပ်တွေဖြစ် နေတယ်ပေါ့နော်။ တရုတ်ပြည်ရဲ့မူဝါဒကတော့ အတူတူတိုင်ပင်၊ အတူတူတည်ဆောက်၊ အတူတူ ခံစားဆိုတဲ့မူကို ဆက်လက်ပြီးတော့ဆွဲကိုင်ထားမယ်။ နောက်ပြီးတော့ ကိုယ်ကျိုး စီးပွားကာကွယ်တဲ့မူဝါဒကာကွယ်ရေးဆိုတဲ့ပေါ်လစီကို ပြတ်ပြတ်သားသား ကန့်ကွက်ဆန့် ကျင်သွားမယ်လို့ တရုတ်အစိုးရက ပြောပါတယ်ဗျ။ အဲဒီမှာ ဒီလိုစီးပွားရေးလုပ်ရင်းနှင့် အင်အားကြီးနိုင်ငံကြီးတွေကြားမှာ ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်လွဲပြီးတော့ အတူတကွ တိုင်ပင်ပြီးတော့ ဖြေရှင်းတာကိုသွားမယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ဆိုလို့ရှိရင်တော့ ပြဿနာ တွေကို ပူးပေါင်းပြီးတော့ ဖြေရှင်းမယ်ဆိုတဲ့မူတစ်ရပ်ချထားပါတယ်။  အဲတော့ ကျနော်တို့ နိုင်ငံအနေနဲ့ ဆိုလို့ရှိရင်လည်း အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ တရုတ်ပြည် က ကျနော်တို့ ကြားမှာရှိတဲ့ပြဿနာတွေကို ပူးပေါင်းဆောင်ရွက်ပြီးတော့ တက်တက်ကြွ ကြွဝင်ရောက်ပြီး ဆောင်ရွက်ပေးမယ်။ ဆိုလိုတာကတော့ "ငါနှင့်မဆိုင်ဘူး" ဆိုပြီးတော့ အရင်တုန်းကလို ၀င်ရောက်မစွက်ဖက်ရေးဆိုတဲ့မူဝါဒမဟုတ်တော့ဘူး။ တက်တက် ကြွကြွ အပြုသဘောနဲ့ဝင်ရောက်ပြီး ပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုတဲ့ မူဝါဒချထားပါတယ်။ ဆက်လက်ကျင့်သုံးပါမယ်။ အဲဒါကိုလည်းအတည်ပြုထားပါတယ်ဗျ။

မေး--ဟုတ်ကဲပါခင်ဗျ-- ဒီနိုင်ငံခြားကုန်သွယ်မှုတွေ ပုံမှန်တိုးတက်ဖို့ကိုလည်း တရုတ် အစိုးရအနေနဲ့လုပ်ဆောင်သွားဖို့ရှိတယ်ပေါ့နော်။ နောက်တစ်ခါ ရင်းနှီးမြှပ်နှံမှုကို လွတ် လပ်စွာနှင့်အဆင်ပြေစေရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်ပေါ့။ အဲဒီထဲမှာဆို လို့ရှိရင် ဆက်သွယ်ရေး၊ ဆေးဝါးကုသရေးတို့၊ ပညာရေးတို့၊ နောက်သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး၊ နောက်တစ်ခါ စွမ်းအင်သစ်မော်တော်ကား စတဲ့ နယ်ပယ်တွေမှာ နိုင်ငံတကာနှင့် တံခါးဖွင့်မှုကို တိုးချဲ့သွားမယ်လို့ဆိုပြီးမှ ပြောထားတာတွေ့ရပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာလည်း ဦးရဲ ဘယ်လိုမျိုးမြင်ပါလဲခင်ဗျ။

ဦးရဲထွန်း---အင်း--မှန်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လုပ်တဲ့အခါမှာ ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့မူဝါဒကို ပြတ်ပြတ်သားသား ဆန့်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တရုတ်ပြည်သူလူထု ကဏ္ဍစုံကအလုပ်အကိုင်ရရှိရေးကို ဆောင်ရွက်နေတာနဲ့တပြိုင်နက် တည်းမှာ အရည်အသွေးမြင့်မားတဲ့ ပညာသင်ယူခွင့်ရှိရေး၊ မြို့ပြကျေးလက်မသင်မနေရ ပညာရေးစနစ်တည်ဆောက်နိုင်ရေး စတဲ့ကိစ္စတွေကို လုပ်ပြီးတော့ တပြိုင်နက်တည်းမှာ တရုတ်နိုင်ငံတွင်းမှာပေါ့နော်  အရည်အချင်းရှိတဲ့နိုင်ငံခြားသားကျွမ်းကျင် ပညာရှင်တွေ လာရောက်ပြီးလုပ်ကိုင်နိုင်အောင်လည်းအားပေးမယ်။ အဆင်ပြေအောင်လုပ်မယ်လို့ ပြော ထားပါတယ်။ ဒါ့အပြင် နိုင်ငံခြားမှာလွှတ်ပြီးတော့ ပညာသင်ခိုင်းထားတဲ့ ပညာတော်သင် တွေပေါ့။ ပြန်လာနိုင်အောင်၊ ပြန်လာပြီးတော့ တရုတ်နိုင်ငံမှာ အလုပ်လုပ်ချင်စိတ်ရှိအောင် လည်း ဒါကို ဆက်လက်ဆောင်ရွက်မယ်လို့ ပြောထားတယ်ဗျ။ အဲတော့ တစ်ခုလုံးခြုံပြီး တော့ ပြောရမယ်ဆိုလို့ရှိရင်တော့ ကိုယ့်နိုင်ငံတစ်နိုင်ငံတည်း ကြွယ်ဝချမ်းသာရေး အဆင် ပြေစေရေးမဟုတ်ဘဲနဲ့ ကမ္ဘာ့အိမ်နီးချင်းနိုင်ငံတွေနှင့်ရော အခြားကမ္ဘာ့အင်အားကြီး နိုင်ငံ တွေနဲ့ရော အဆင်ပြေပြေနဲ့အပြန်အလှန်အကျိုးရှိရေးဆိုတဲ့ မူဝါဒအပေါ်မှာ စဉ်းစားပြီး တော့ မူဝါဒတွေချမှတ်ထားတယ်ဆိုတာကို တွေ့ရပါတယ်ဗျ။

မေး--ဟုတ်ကဲ့ပါ-- အခုလို တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေးနှင့် ပတ်သက်ပြီးတော့ ကျနော်တို့စီအာအိုင်ကမေးမြန်းသမျှကို ပြန်လည်ဖြေကြားပေးခဲ့တဲ့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဆရာဦးရဲထွန်း(သီပေါ)ကို ကျနော်တို့ စီအာအိုင်က အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဦးရဲထွန်း--ဟုတ်ကဲ့ပါခင်ဗျ--ကျနော်လည်း ကျေးဇူးတင်ပါတယ်။

   Webradio