ယခုကျင်းပနေသော ၁၃ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်အစည်းအဝေးသည် ကမ္ဘာ့မီဒီယာများ၏ အာရုံကို ဆွဲဆောင်နေပါသည်။ မကြာမီက ပြင်သစ်နိုင်ငံမှ Paris Matchသတင်းစာမှ သတင်းထောက် Richard ARZTသည် စီအာအိုင်သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဝန်ကြီးချုပ်လီခေ့ချန်၏ အစိုးရလုပ်ငန်းအစီရင်ခံစာနှင့် တရုတ်စီးပွားရေးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်ပယ်များတွင် ရရှိသော အောင်မြင်မှုရလဒ်များကို ချီးကျူးကြောင်း စီအာအိုင်သတင်းအရသိရပါသည်။
Richard ARZTက အစိုးရလုပ်ငန်းအစီရင်ခံစာသည် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးစသော နယ်ပယ်အသီးသီးပါဝင်၍ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ရင်ဆိုင်သောပြဿနာနှင့် ရရှိသောအောင်မြင်မှုအတွေ့အကြုံးများကို ပြန်လည်သုံးသပ် သည့်အပြင် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်းသုံးသပ် မျှော်မှန်းထားကြောင်း ရေးသားထုတ်ပြည်ခဲ့သည်ဟု စီအာအိုင်သတင်းအရသိရပါသည်။