ယခုလ ၈ ရက်နေ့တွင် NPC နှင့် CPPCC အစည်းအဝေးများ၌ သတင်းရယူနေသော ကင်ညာနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံများမှ သတင်းထောက်တို့သည်၊ တရုတ်-အာဖရိက ချစ်ခင်ရင်းနှီးသော ပေါင်းသင်းဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် တန်ဖိုးထား ချီးကျူးကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည်၊ လက်တွေ့ဆောင်ရွက်မှုများဖြင့် တရုတ်နှင့် အာဖရိကအကြား ညီနောင်ကဲ့သို့သော ချစ်ကြည်ရေးမှာ ကြံ့ခိုင်ပြီး ဖြိုးခွင်း၍မရဘဲ၊ တစ်နေ့ထက် တစ်နေ့ နက်ရှိုင်းသွားမည်ကို သက်သေပြနေသည်ဟု မှတ်ယူကြကြောင်း စီအာအိုင်က ဖော်ပြသည်။
ထိုနေ့က ၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်းအဝေး၏ မီဒီယာစင်တာ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိအား ဖိတ်ခေါ်ပြီး၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံ တကာဆက်ဆံမှုများနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပ သတင်းထောက်များ၏ မေးမြန်းချက် များကို ပြန်လည်ဖြေကြားခဲ့သည်ဟု သတင်းအရသိရသည်။