• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် လယ်သမားများအတွက် ဆောင်းပါးကြီး တစ်ပုဒ် စီစဉ်ပေးနေ

(GMT+08:00) 2018-03-09 09:24:21

ယခုလ ၈ ရက်နေ့ နံနက်ပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေး၏ စမ်းတုန်း ပြည်နယ် ကိုယ်စားလှယ်အဖွဲ့ စိစစ်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ရာ ကျေးလက် ဒေသ ရှင်သန်ရေး မဟာဗျူဟာသည် ဆောင်းပါးကြီး တစ်ပုဒ် ဖြစ်သည်ဟု ပြောကြားပါသည်။

ယင်းနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က၊ အသင့်အတင့် ချမ်းသာသော နေထိုင်မှုဘဝ ရည်မှန်းချက်တွင် လယ်သမားများ၏ နေထိုင်မှုဘဝ ချမ်းသာမှု ရှိမရှိမှာ လွန်စွာ အရေးကြီးကြောင်း၊ တရုတ်ပြည် အင်အား တောင့်တင်းလိုပါက လယ်ယာစိုက်ပျိုးရေးမှာ အရင် အင်အား တောင့်တင်းရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ကြီးပွါးချမ်းသာ လိုပါက လယ်သမားများ အရင် ကြီးပွါးချမ်းသာရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio