• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ကော်မတီဝင်များသည် တရုတ်ပြည် စီးပွါးရေး တိုးတက်မှုအတွက် အကြံဥာဏ်ကောင်းပေး

(GMT+08:00) 2018-03-09 09:05:14

တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ အစည်းအဝေး ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ယခုလ ၈ ရက်နေ့ ညနေပိုင်းက ပီကင်း၌ ကျင်းပခဲ့ရာ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များသည် တရုတ်ပြည် စီးပွါးရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်ပြီး အကြံဥာဏ်ကောင်းများ ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ကော်မတီဝင် ဖြစ်သူ၊ တရုတ် ပြည်လုံးဆိုင်ရာ စက်မှုနှင့် ကုန်သွယ်မှု အသင်းချုပ် ဒုဥက္ကဋ္ဌ ချန်ယင်ယီက၊ တရုတ်ပြည် စီးပွါးရေးမှာ မြန်နှုန်းမြင့် တိုးတက်ခြင်းကနေ၍ အရည်အသွေး မြင့်မားစွာ တိုးတက်ခြင်းသို့ ပြောင်းလဲခြင်းသည် မဟာဗျူဟာမြောက် ပြောင်းလဲခြင်းပင် ဖြစ်ကြောင်း သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောကြားပါသည်။

ကော်မတီဝင် ဖြစ်သူ၊ တရုတ်သွင်းကုန်ပို့ကုန်ဘဏ် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ဟူရှောင်လျန့်က၊ ယခုနှစ်တွင် Belt and Road တည်ဆောက်ရေး ပလက်ဖေါင်းကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှု အဆင်ပြေစေရေး၊ လွတ်လပ်ရေးနှင့် နိုင်ငံဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုကို ဆက်လက် အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio