• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကွမ်တုန်းပြည်နယ် ကိုယ်စားလှယ်များနှင့် တိုင်ပင်ဆွေးနွေး

(GMT+08:00) 2018-03-08 16:25:24

 

ယခုလ ၇ ရက်နေ့ နံနက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေး၏ ကွမ်တုန်းပြည်နယ် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပါသည်။

ရှီကျင့်ဖိန်က၊  ဖွံ့ဖြိုးရေးသည် အရေးအကြီးဆုံး တာဝန် ဖြစ်ပြီး လူ့စွမ်းအား အရင်းအမြစ်သည် အရေးအကြီးဆုံး အရင်းအမြစ် ဖြစ်ကာ ဆန်းသစ်တီထွင်ရေးသည် အရေးအကြီးဆုံး တွန်းအား ဖြစ်ကြောင်း၊ အင်အား တောင့်တင်း လိုပါက ဆန်းသစ်တီထွင်မှုကို အားကိုးရပြီး ဆန်းသစ်တီထွင်မှုမှာ လူ့စွမ်းအားအရင်းအမြစ်ကို အားကိုးရမည် ဖြစ်ကြောင်း၊ လူ့စွမ်းအား မူဝါဒနှင့် ဆန်းသစ်တီထွင်ရေး စနစ်များသည် ဆက်လက်ပြီး ဆောင်ရွက်ရမည့် ပြုပြင်ပြောင်းလဲမှု၏ အဓိက နယ်ပယ်များ ဖြစ်ကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio