• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီအာအိုင်သတင်းထောက်၏မေးမြန်းချက်ကို နိုင်ငံခြားရေးဝန်ကြီးဖြေဆို

(GMT+08:00) 2018-03-08 16:11:58

 

 

၁၃ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး မီဒီယာစင်တာသည် ယနေ့ ၈ ရက်နေ့နံနက်ပိုင်းက သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် တရုတ်နိုင်ငံခြားရေးမူဝါဒနှင့်နိုင်ငံခြားေ၇းဆက်ဆံမှု တို့နှင့်ပတ်သက်၍ ပြည်တွင်းပြည်ပသတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ 

  နိုင်ငံအချို့ ယနေ့ ၈ ရက်နေ့က ချီလီနိုင်ငံ၌ ချုပ်ဆိုသော CPTPP သဘောတူစာချုပ် နှင့်ပတ်သက်၍ စီအာအိုင်သတင်းထောက်၏မေးမြန်းချက်ကို ဖြေကြားရာတွင် ဝမ်ယိက တရုတ်နိုင်ငံသည် CPTPP သဘောတူစာချုပ်တွင် မပါဝင်ကြောင်း၊ သို့သော်၊ တရုတ်နိုင်ငံ သည် လွတ်လပ်သောကုန်သွယ်ရေးအပေါ် ပြတ်သားစွာ ထောက်ခံသူဖြစ်မြဲဖြစ်သကဲ့သို့ အာရှပစိဖိတ်ဒေသပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးတသားတည်းဖြစ်စေရေးတွင် အရေး ကြီးသော ပါဝင်ဘက်လည်းဖြစ်ကြောင်း၊ ၂၀၁၄ခုနှစ်တွင် တရုတ်နိုင်ငံ၏ တွန်းအားပေးမှုကြောင့် အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးတွင် ဘေကျင်း၌ အာရှပစိဖိတ်လွတ်လပ်သော ကုန်သွယ်ရေးဇုန်ဖြစ်စဉ်ကို တရားဝင်စတင်ခဲ့ပြီး တရုတ်နိုင်ငံတက်ကြွစွာပါဝင်နေသော ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက် ဆက်ဆံရေးဖြစ်သည့် RCEP သည် လက်ရှိ ဆွေးနွေးနေဆဲဖြစ်သည့် လူဦးရေအများဆုံး၊ အဖွဲ့ဝင်အကျယ်ပြန့်ဆုံးသော လွတ်လပ်စွာ ကုန်သွယ်ရေးအစီအစဉ်ဖြစ်ကြောင်း၊ RCEP ဖြစ်ဖြစ် CPTPP ဖြစ်ဖြစ် အာရှပစိဖိတ်စီးပွားရေး တသားတည်းဖြစ်စေရေးနှင့် ကိုက်ညီပြီး  WTO ကို အမြုတေအဖြစ်ထားပြီး တကမ္ဘာလုံးလွတ်လပ်စွာကုန်သွယ်ရေးစနစ်ထိန်းသိမ်းကာကွယ်ရေးအတွက် အကျိုးရှိလျှင် တရုတ်နိုင်ငံအနေနှင့် တက်ကြွစွာ ထောက်ခံအားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio