• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်နှင့် မြောက်ကိုးရီးယားတို့ အမြန်ဆုံး ထိတွေ့ဆက်ဆံရန်နှင့် ဆွေးနွေးပွဲ ပြုလုပ်ရန် ဝမ်ယိ ပန်ကြား

(GMT+08:00) 2018-03-08 10:58:42

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ သက်ဆိုင်ရာ ဘက်အသီးသီးတို့ အထူးသဖြင့် အမေရိကန်နှင့် မြောက်ကိုးရီးယားတို့သည် အမြန်ဆုံး ထိတွေ့ဆက်ဆံရန်နှင့် ဆွေးနွေးပွဲ ပြုလုပ်ရန် တရုတ်နိုင်ငံက ပန်ကြားလိုကြောင်း ယခုလ ၈ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

၎င်းက ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေး၏ သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio