• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဂျပန်ဆက်ဆံမှု ကောင်းမွန်စေရေးသည်၊ ကောင်းကျိုးရှိသော ပတ်ဝန်းကျင်ကို ကဏ္ဍစုံ ဖန်တီးပေးရန် လိုအပ်ကြောင်း CPPCC ကော်မတီဝင် ကောင်ဟုန် ဆို

(GMT+08:00) 2018-03-08 10:20:40

      ယခုနှစ်သည် (တရုတ်-ဂျပန်ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးစာချုပ်)ကို ချုပ်ဆိုခဲ့သည့် နှစ် ၄၀ ပြည့်မြောက်နှစ်ဖြစ်ပြီး၊ တရုတ်၊ ဂျပန် နှစ် နိုင်ငံတို့သည်၊ နှစ်ဖက်ဆက်ဆံမှုက သင့်မြတ်သာယာပြီးဖွံ့ဖြိုးတိုးတက်သော ပုံမှန်လမ်းကြောင်းသို့ ချီတက်သည့် သမိုင်း အခွင့်အခါကောင်းနှင့် ရင်ဆိုင်နေရသည်။ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်၊ တရုတ်လူမှုသိပ္ပံညာတံခွန်သင်းဂျပန်ရေးရာ သုတေသန ဌာန သုတေသီ ကောင်ဟုန်က၊ တရုတ်-ဂျပန်ဆက်ဆံမှုကောင်းမွန်စေရေးသည်၊ နှစ်နိုင်ငံ အစိုးရ၊ နှစ်နိုင်ငံပြည်သူများနှင့် မီဒီယာအပါအဝင် အလွှာပေါင်းစုံတို့မှ အတူကြိုးပမ်းကြခြင်း ဖြင့်၊ ကောင်းကျိုးရှိသော ပတ်ဝန်းကျင်ကို ကဏ္ဍစုံ ဖန်တီးပေးရန် လိုအပ်ပါကြောင်း စီအာအိုင်သတင်းထောက်အား ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio