• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ဆွေးနွေး

(GMT+08:00) 2018-03-08 09:10:28

၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေးသို့ တက်ရောက်နေသော ကိုယ်စားလှယ်များသည် ယခုလ ၇ ရက်နေ့က နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းကို စိစစ် ဆွေးနွေးခဲ့ကြပါသည်။

ကိုယ်စားလှယ်များက၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းဖြင့် တရုတ် ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံမှ ချမှတ်ခဲ့သော အရေးကြီး သဘောတရား၊ အတွေးအခေါ်နှင့် မူဝါဒများကို နိုင်ငံတော် အခြေခံဥပဒေ ထဲတွင် ထည့်သွင်းကာ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံဥပဒေ အရ အားကောင်းသော အာမခံမှု ပေးနိုင်မည် ဖြစ်ကြောင်း ယူဆကြပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio