• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ခေါင်းဆောင်များ ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် အစည်းအဝေး၏ ကိုယ်စားလှယ်များအဖွဲ့ စိစစ်ဆွေးနွေးပွဲများတွင် ပါဝင်

(GMT+08:00) 2018-03-08 09:04:01

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်၊ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင် လိကျမ့်ရှူး၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ဝမ်ယမ် စသည့် ခေါင်းဆောင်များသည် ယခုလ ၇ ရက်နေ့ နံနက်ပိုင်းက ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး၏ ကိုယ်စားလှယ်အဖွဲ့များ၏ စိစစ်ဆွေးနွေးပွဲများတွင် အသီးသီး ပါဝင်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio