• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-03-07 12:34:14

 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုလ ၄ ရက်နေ့ ညနေပိုင်းက ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး တက်ရောက်နေသော ဒီမိုကရေစီ ပါတီများ အဖွဲ့ချုပ်၊ ကြည်ကုန်ပါတီ၊ တသီးပုဂ္ဂလများ၊ ပင်လယ်ရပ်ခြားရောက် တရုတ် အနွယ်ဖွားများလောကမှ ကော်မတီဝင်များနှင့် တွေ့ဆုံပြီး အမျိုးအစားသစ် နိုင်ငံရေးပါတီစနစ် အကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။ ကော်မတီဝင်များက၊ တရုတ် ကွန်မြူနစ်ပါတီ၏ အတိုင်ပင်ခံကောင်းအဖြစ် တာဝန် ကျေပွန်စွာ ထမ်းဆောင်မည်ဟု ဖေါ်ပြ ခဲ့ကြပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio