• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အစိုးရ လုပ်ငန်း အစီရင်ခံစာတွင် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု အရှိန်မြှင့် တွန်းအားပေးရန် ယုံကြည်မှုရှိခြင်းကို ဖော်ပြသည်ဟု ဗြိတိန် ပညာရှင်ဆို

(GMT+08:00) 2018-03-07 12:24:34

တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးကို ယခုရက်များတွင် ကျင်းပနေကြောင်း၊ တရုတ် ပြည်သူပြည်သားများသာမကဘဲ နိုင်ငံခြား ပညာရှင်များလည်း ၄င်းအစည်းအဝေး၂ခု အပေါ် ကျယ်ပြန့်စွာ အာရုံစိုက်နေကြကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ဗြိတိန် ပညာရှင် တစ်ဦးက တရုတ်ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု ကျင့်သုံး ဆောင်ရွက်သည်မှာ နှစ်၄၀ပြည့်မည့် အခါသမယတွင် ဝန်ကြီးချုပ် လီခေ့ချန် တင်သွင်း သည့်အစိုးရ လုပ်ငန်း အစီရင်ခံစာ၌ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို တရုတ် အစိုးရမှ ဆက်လက် တွန်းအားပေးရန် ယုံကြည်မှုနှင့် စိတ်ပိုင်းဖြတ်ထားမှုကို ထပ်မံဖော်ပြကြောင်း၊ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို အရှိန်မြှင့် တွန်းအားပေးခြင်းတွင် ယခုရွှေကာလ၌ တည်ရှိနေသော ဗြိတိန်-တရုတ် ဆက်ဆံမှုသည် အခွင့်ကောင်းသစ်နှင့် အောင်မြင်မှုများ ရရှိမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

ဗြိတိန် နိုင်ငံ 48 Group Club ဥက္ကဋ္ဌ စတယ်ဖင် ပယ်ရီက တရုတ်ပြည်နှင့် ပေါင်းသင်းဆက်ဆံမှု ပြုလုပ်သည်မှာ နှစ်ပေါင်း ၅၀ရှိပြီ။ ယခုလ ၅ရက်နေ့က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် ၄င်းက တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်း အဝေးသည် တရုတ် လူမှုရေး အပေါ် အရေးကြီးသည့် သြဇာညောင်းမှု သက်ရောက်သည့် အပြင်၊ အခြား နိုင်ငံများ အပေါ်ရော တရုတ်ပြည်နှင့် ပေါင်းသင်းဆက်ဆံရေး အပေါ်ပါ ကြီးမားသည့် သြဇာသက်ရောက်မှုလည်း ရှိကြောင်း၊ အစိုးရ လုပ်ငန်း အစီရင်ခံစာတွင် အနာဂတ်၌ တရုတ် အစိုးရမှ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု တစ်ဆင့်တိုး တွန်းအားပေးရန် အချက်ပြလိုက်ကြောင်းလည်း ပြောကြားသည်။

   Webradio