• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အတွင်းမွန်ဂိုးပြည်နယ် ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲတွင် ပါဝင်

(GMT+08:00) 2018-03-07 10:50:41

တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး ကျင်းပသည့် ပထမနေ့ ဖြစ်သည့် မတ်လ ၅ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အတွင်းမွန်ဂိုးပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ အစိုးရလုပ်ငန်း အစီရင်ခံစာ စိစစ်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ယခုနှစ် ဇန်နဝါရီလတွင် အတွင်းမွန်ဂိုးပြည်နယ်၌ ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရခြင်း ဖြစ်သည်။ ရှီကျင့်ဖိန်က၊ ယင်းသည် ပါတီ ဗဟိုကော်မတီက တိုင်းရင်းသားလူမျိုးစု နယ်ခြားဒေသများ အလေးထားခြင်းကို ပြသပြီး ပါတီဗဟိုကော်မတီ၏ ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ သန္နိဌာန်များ ပေါ်လွင်လာစေကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio