• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးနှင့် ဆန်းသစ်တီထွင်ရေးကို အားဖြည့် ဆောင်ရွက်ရမည်ဟု လီခေ့ချန် ဆို

(GMT+08:00) 2018-03-07 09:08:36

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၆ ရက်နေ့ နံနက်ပိုင်းက ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး၏ ကွမ်ရှီးပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ အစိုးရလုပ်ငန်းအစီရင်ခံစာ စိစစ် ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

လီခေ့ချန်က၊ ပြုပြင်ပြောင်းလဲရေး၊ တံခါးဖွင့်ရေးနှင့် ဆန်းသစ်တီထွင်ရေးကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စီးပွါးရေး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပြီး ပြည်သူလူထု၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန် လာအောင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio